【01】GLOSD • B •

330 62 9
                                    

Green Leaf Of Spring Day

⟨ Unicode Version ⟩

** နွေနေ့ရက်ရဲ့ သစ်ရွက်စိမ်း **

【အပိုင်း ၀၂】

2014 ....

" မမလေး ...  စာမေးပွဲပြီးရင် အပန်းဖြေခရီးထွက်ဖို့ ဥက္ကဌကြီးကစီစဉ်သွားပါတယ် မမလေးမသွားချင်ရင်တောင် သွားလိုက်ပါ အဒေါ်ကြီးပြင်ထားပေးပြီးပါပြီ "

ထိုစကားကြောင့် ခပ်ဖျော့ဖျော့လေးရယ်လိုက်မိသည်။ အဖေနဲ့သူမက မတည့်ကြဘူးဆိုပေမယ့် အခုလိုမရှိတော့တဲ့အချိန်မှာတော့ သူမ လွမ်းသည်။ အိမ်ကြီးထဲမှာ သူမကို ဆူပူကြိမ်းမောင်းမယ့်သူမရှိတော့။

" ကောင်းပါပြီ အဒေါ်ကြီးလီရော လိုက်ခဲ့ပါလား  ဟယ်ရင်းတစ်ယောက်တည်း မသွားချင်ဘူး "

" ကောင်းပါပြီကွယ် လိုက်ခဲ့ပါ့မယ် "

ကြိုတင်စီစဉ်သွားပေးသော အဖေရဲ့စီစဉ်မှုကို နာခံရင်း တစ်လမ်းလုံးBTSသီချင်းတွေဖွင့်ကာ သူမ စိတ်နာကျင်မှုတွေကို အနားယူမိသည်။ အဖေ့အတွင်းရေးမှူးက သူမကို စီးပွားရေးနဲ့ပတ်သက်ပြီး ကျောင်းဆက်တက်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ စကားကိုကြားလေ အိပ်မက်နဲ့ တစ်လှမ်းကွာဝေးလေမို့ သူမ အံကိုတင်းတင်းကြိတ်လိုက်မိသည်။

အိုပါးတို့ရေ ... ဟယ်ရင်း အိပ်မက်ကို အကောင်အထည်ဖော်ခွင့်မရှိတော့ဘူးနဲ့ တူပါရဲ့ ...

သူမ မျက်ဝန်းတွေပိတ်ပြီး အနားယူငြိမ်သက်နေသည်။ အေးချမ်းတဲ့ဘဝတစ်ခုကို သူမ မျှော်လင့်ခဲ့မိပေမယ့် မထင်မှတ်တဲ့ကံကြမ္မာဆိုးကြီးက သူမကို ဝင်နှောင့်လေလျှင် .....။

ဟုတ်ပါသည်။ ထိုခရီးရဲ့အပြန်မှာ ကားချင်းဆင့်ကဲတိုက်ရာကနေ ညှပ်ပါကာ သူမ မျက်လုံးထိခိုက်ခဲ့တော့သည်။ စိတ်မှောင်‌မိုက်နေတဲ့အချိန်မှာ ဘဝရဲ့အလင်းပါ ပျောက်ကွယ်သွားလေတော့ လောကကြီးကို သူမ တစောင်းမြင်လာမိတော့သည်။ အတူပါလာတဲ့ဒရိုင်ဘာက နေရာမှာတင်ပွဲချင်းပြီးသွားခဲ့ပေမယ့် သူမကတော့ မျက်လုံးထဲမှန်စဝင်ကာ သူမကမ္ဘာကြီးမှောင်မိုက်ခဲ့ရသည်။ အဒေါ်ကြီးလီကတော့ ခြေတစ်ဖက်အစားထိုးလိုက်ရသည်။ သူမရဲ့ကံဆိုးမှုတွေက ဘေးနားမှာနေတဲ့သူတွေကို တစတစထိခိုက်လာစေတော့ တဖြည်းဖြည်း လူတွေရဲ့ဝေးရာ အခြားတစ်ဖက်ကို ခြေလှမ်းမိခဲ့တော့သည်။ အခုဆိုရင် သူမဟာ အမှောင်ကမ္ဘာခြမ်းထဲရောက်နေတဲ့လူလိုပင်။

𝗔𝗥𝗠𝗬 𝗦𝗘𝗥𝗜𝗘𝗦 || BTS × ARMYDonde viven las historias. Descúbrelo ahora