꧁ဧည့်သည်꧂
မဖိတ်ခေါ်ဘဲ နှလုံးသားမြို့တော်ကို ဖြေးဖြေးချင်းဝင်ရောက်အလည်လာတဲ့ ဧည့်သည်
ပြိုလဲနေချိန်တိုင်း အဝေးကနေတောင်အပြုံးတစ်ပွင့်နဲ့ အားဖြစ်စေတဲ့ မြတ်နိုးစရာ ဧည့်သည်
ရင့်ကျက်ဖို့ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ သီချင်းတွေကနေသင်ပေးတဲ့ ဧည့်သည်
ဘယ်တော့မှအထီးမကျန်ရအောင်အမျိုးမျိုးအားပေးစကားတွေပြောပြီးနှစ်သိမ့်ပေးတတ်တဲ့ ဧည့်သည်
သူ့ကိုချစ်မြတ်နိုးတဲ့လူသန်းပေါင်းများစွာအတွက်ဂုဏ်ယူရအောင်အမြဲကြိုးစားနေတတ်တဲ့အဖိုးတန် ဧည့်သည်
ဆုံတွေ့ပြီးရင် တစ်နေ့ပြန်ခွဲခွာရမယ်ဆိုတဲ့လောကဓမ္မတာအတိုင်းတစ်နေ့အကြောင်းအမျိုးမျိုးကြောင့်ခွဲခွာရခဲ့ရင်တောင် ဒီနှလုံးသားမှာသေရာပါစွဲထင်ကျန်ရစ်နေမယ့် ဧည့်သည်
ကျွန်မ ဖြစ်တည်မှုကိုတောင်မသိပါဘဲ ခဏတာအလည်လာတဲ့ ဒီဧည့်သည်ကို အကြောင်းပြချက်မရှိဘဲ ကျွန်မအသက်တမျှရင်နင့်နေအောင် ချစ်မြတ်နိုးရပါတယ် ဧည့်သည်...☁︎