အပိုင်း(၃)

7.4K 1.1K 9
                                    

[Unicode]

(၈)

တစ်ပတ်အကြာမှာ၊လုကျန်းမင်ဟာ သူနဲ့ယုမူကောအတူနေခဲ့တဲ့အိမ်ဆီပြန်ရောက်လာခဲ့တယ်။

ပြတင်းပေါက်အပြင်ဘက်မှာ အသက်ဝင်လှုပ်ရှားနေတဲ့မြို့ပြကိုကြားမြင်နိုင်တယ်။
ဒါပေမဲ့ထိုအသက်ဝင်မှုတွေဟာ သူလက်ရှိကြုံတွေ့နေရတာတွေနဲ့လုံးဝဆန့်ကျင်ဘက်လိုပဲ။

သူ့မှာရှိနေတာက အေးစက်စက်အမှောင်ထုတစ်ခု။

လုကျန်းမင်က အိပ်ခန်းတံခါးကိုတွန်းဖွင့်လိုက်တယ်။
ပထမဆုံးမြင်လိုက်ရတာက အိပ်ရာဘေးစင်ပေါ်မှာရှိနေတဲ့စာရွက်အထပ်လိုက်ကြီး။

နှုတ်ခမ်းတွေကိုသပ်လိုက်ရင်း စိတ်ရှုပ်နေရတယ်။

ဒါတွေကိုထားခဲ့တဲ့သူက ယုမူကောဖြစ်လောက်တယ်မလား?

လုကျန်းမင်ကအနားလျှောက်သွားကာ စာရွက်တွေကိုကောက်ကိုင်လိုက်တယ်။
စကားလုံးအချို့ကိုဖတ်ပြီးချိန်မှာပဲ၊စာရွက်ကိုလုံးခြေကာ မြေကြီးပေါ်ပစ်ချလိုက်မိတယ်။

"ယုမူကော မင်းပြန်လာရဲပြန်လာကြည့်!!"
လုကျန်းမင်ဟာ ဗီရိုထဲရှိယုမူကောပစ္စည်းတွေအကုန်ဆွဲထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်ပြန့်ကျဲသွားစေတယ်။
ထို့နောက်တံခါးဆောင့်ပိတ်ကာ အပြင်ပြန်ထွက်သွားတယ်။

လုံးဝမထင်ထားမိခဲ့ဘူး။
ဒီအပြုအမူတွေဟာ နမိတ်တွေဖြစ်လာမယ်လို့ပေါ့။

အလေ့အထဟာဆိုးရွားတဲ့အရာတစ်ခုပဲ။
မင်းရဲ့ဘဝထဲကိုတိတ်ဆိတ်စွာတိုးဝင်လာမယ်...ပျောက်ကွယ်သွားချိန်မှာတော့ ဒဏ်ရာနက်နက်နဲ့ကွဲကြေနေတဲ့နှလုံးသားတစ်စုံသာချန်ထားခဲ့တယ်။

(၉)

ကြေမွနေတဲ့စာရွက်ဟာ ကြမ်းပြင်ပေါ်မှာအထီးကျန်ဆန်စွာလဲလျောင်းနေတယ်။
လုကျန်းမင်ဟာ ထိုနေ့ကတည်းကပြန်မရောက်လာခဲ့ဘူး။

ရှည်ကြာပြီးတဲ့ကာလတစ်ခုမှာ၊လုကျန်းမင်ဟာ ထိုအချိန်တွေကိုပြန်ငေးမိတယ်။
အဲ့နေ့ကသာ စာကိုအသေအချာဖတ်မိခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့အမြဲတွေးမိတတ်တယ်။

ငါသေသွားတာ သူမသိဘူး [မြန်မာဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang