Zawgyi
ကလေးငယ်ကသန့်စင်ခန်းထဲအချိန်ခနကြာမှထွက်လာပြီး
စိုးရိမ်ဖွယ်မျက်နှာထားနှင့်စကားအချို့ပြောသည်။"jane mar lili အတွင်းခံမှာ သွေးတွေပေနေတယ်''
သွေးဆိုတဲ့အသံကြားလိုက်ချင်းချင်းကျွန်မအနည်းငယ်
တုန်လှုပ်မိသွားသည်။ပြီးမှ ကျွန်မကိုယ်ကျွန်မသတိဝင်
လာသည်။ 'ငါ့ကလေးတောင်အရွယ်ရောက်လာပြီဘဲ'"lili ဘာမှမကြောက်နဲ့နော် ဒါလေးကိုအတွင်းခံမှာကပ်
ထားလိုက် အဆင်ပြေသွားလိမ့်မယ်''ကျွန်မလည်း အရေးပေါ်သုံးရန်ယူလာတယ့် ပစ္စည်းလေးကို
ကလေးငယ်အားပေးလိုက်သည်။လေယာဉ်စီးချိန်တစ်လျှောက်လုံး ကလေးငယ်က
ကျွန်မပုခုံးလေးထက် မှီပြီးမှေးနေခဲ့သည်။ဟုတ်ပါတယ်
ကျွန်မကလေး အရမ်းကိုပင်ပန်းနေတာပါ။ညနေ ၅:၀၀ နာရီ ဆိုတာနဲ့တပြိုင်တည်း 'ဟာဝိုင်အီ မှကြိုဆို
ပါတယ်ရှင့်' ဆိုတဲ့ လေယာဉ်မယ်အသံကနားထဲရောက်ခဲ့သည်။"lili ထတော့ ဟာဝိုင်အီကိုရောက်ပြီလေ''
ကလေးငယ်က မျက်လုံးနှစ်ဖက်ကိုလက်ဖြင့်ပွတ်ရင်း
နိုးလာခဲ့သည်။"သမီးဘာဖြစ်လို့လဲ နေမကောင်းဘူးလား''
လေယာဉ်ဆိုက်မှ ကာလနဂါးအိုကြီးနိုးလာပါပြီ။
ခုမှနိုးပြီးလာဂရုစိုက်ပြနေတယ် အံ့သြပ : )"သိပ်တော့နေလို့မကောင်းဘူး''
"daddy ချီရမလား''
အဖေ ပွေ့ချီဖို့လုပ်တော့ ကလေးငယ်ကငြင်းရှာတယ်။
ခုနကအကြောင်းကိုမသိစေချင်တယ့်ပုံပါဘဲ။"ဟင့်အင်း မချီနဲ့ jane mar တွဲပေးလိမ့်မယ်
daddy က အထုပ်တွေဘဲသယ်လာခဲ့''ခနကြာတော့ ကျွန်မတို့ ဟိုတယ် ကိုရောက်ပါပြီ။
ကလေးအဖေက အခန်းတစ်ခန်းဘဲယူမယ်ပြောတော့
ကျွန်မက နှစ်ခန်းယူရန်ပြောလိုက်သည်။"ဘာလို့ နှစ်ခန်းယူမှာလဲ jen''
"lili အရွယ်ရောက်နေပြီ မသင့်တော်ဘူး''
"ဘယ်လို ကိုယ့်သမီးအရွယ်ရောက်လာပြီ ဟုတ်လား
ဒါဆို အပျိုလေးဖြစ်ပြီပေါ့ ဟုတ်လား''
YOU ARE READING
JANE MAR
Fanfiction𝑇𝒉𝑖𝑠 𝑖𝑠 𝑙𝑖𝑠𝑎 𝑛𝑒𝑘𝑜 𝑓𝑖𝑐 𝐼𝑓 𝑦𝑜𝑢 𝑑𝑜𝑛'𝑡 𝑙𝑖𝑘𝑒 𝑖𝑡, 𝑑𝑜𝑛'𝑡 𝑟𝑒𝑎𝑑 𝑖𝑡 ツ don't reading a kid ⚠ W A R N I N G ⚠