part 11

7.6K 579 121
                                    

Zawgyi

ဇိမ်ခံကားဖြစ်တဲ့ BMW ကားအနက်ရောင်အတွင်း
ငှက်လေးနှစ်ကောင်အနမ်းစီးချင်းအပြန်အလှန်ထိုးစစ်ဆင်နေကြသည်။

"lili နှုတ်ခမ်းကလေ စားလို့အရမ်းကောင်းတာဘဲ''

"jane mar ကအရမ်းဆိုးတာဘဲ ကျောင်းရှေ့ရောက်
တာတောင်ကားထဲမှာ နမ်းဖြစ်အောင်နမ်းတယ်
ဒီမှာတွေ့လား lili နှုတ်ခမ်းနီတွေပေကုန်ပြီ ဟွန့်''

ကလေးငယ်ကို ကျွန်မကျောင်းလိုက်ပို့နေစဉ်ကားမောင်းနေရင်း
ဘေးမှ ကလေးငယ်က ကားမှန်ကိုကြည့်ရင်း နှုတ်ခမ်းနီဆိုးနေ
တယ်လေ။ ကျွန်မဘေးနား နှုတ်ခမ်းပါးနှစ်လွှာကို ပုတ်ခတ်နေတော့
ကျွန်မအာရုံတွေကို နှုတ်ခမ်းရဲရဲလေးကညို့ယူနေတော့သည်။
ကျောင်းရှေ့ရောက်တော့ ကလေးငယ်နှုတ်ခမ်းကို ထိတွေ့လိုက်သည်။
ပြီးနောက် ညို့ယူလွန်းတဲ့ နှုတ်ခမ်းရဲရဲလေးကိုအရောင်ပြေသည်အထိ
စုပ်ယူနမ်းရှိုက်လိုက်မိသည်။ ကလေးငယ်ညို့ဓာတ်ကိုအခြားသူတွေကို
မမြင်စေချင်လို့နမ်းမိတာကျွန်မ မှားသလား?။

ခုလည်း ဘဲမလေးလို နှုတ်ခမ်းလေးကိုဆူပြီး ကျွန်မကို
စိတ်ဆိုးနေသေးတယ်။ အူယားအောင်သိပ်မလုပ်ပါနဲ့ကလေးရယ်
jane mar စိတ်မထိန်းနိုင်မှာကိုကြောက်တယ် သိရဲ့လား။

"ဒါဆိုလည်း နောက်ဆိုရင် အဲ့လိုနှုတ်ခမ်းနီရဲရဲတွေကိုမဆိုးနဲ့ပေါ့''

"ဆိုးမှာဘဲ ဘာဖြစ်လဲ''

ကလေးငယ်ကပြောရင်း နှုတ်ခမ်းနီပြန်ဆိုးနေသည်။

"ဟုတ်ပြီလေ ဒါဆိုလည်း စကားနားမထောင်တဲ့ကလေးကို
ကားထဲမှာဘဲ အပြစ်ပေးရမှာပေါ့''

ကျွန်မ ငါးခူပြုံးပြုံးပြီး ကလေးငယ်မျက်နှာနားကပ်ပြီး
ပြောတော့...။

"တော်ပြီကွာ မဆိုးတော့ဘူး သွားတော့မယ်''

ကလေးငယ်ကရှက်ရမ်းရမ်းပြီး ကျွန်မကိုတွန်းထုတ်လိုက်သည်။
ပြီးမှနှုတ်ခမ်းနီတောင့်ကိုလှမ်းပစ်ပေးပြီး
ကားထဲမှထွက်သွားတော့သည်။

.   .   .

"lisa ဘာဖြစ်လာတာလဲ နှုတ်ခမ်းဆူနေထားတာက
ဝက်မလေးကျနေတာဘဲ''

JANE MAR Where stories live. Discover now