Zawgyi"lili မိတ်ကပ်တွေအရမ်းဘာလို့လိမ်းတာလဲ
စကပ်ကလည်း တိုလိုက်တာ ဘောင်းဘီရှည်ဝတ်လေ
ဆံပင်ကိုလည်း ဘာလို့ချထားတာလဲ''ခုပွစိ ပွစိ လုပ်နေတာကတော့ liliရဲ့ jane mar ပေါ့။
တက္ကသိုလ်ကျောင်းသူပီပီ အလှကြိုက်တာဆန်းသလား။
jane mar ကliliလှနေတာကိုမမြင်ချင်ဘူး။
သူဘဲအလှပြင်မယ်။ သူဘဲလှနေဖို့လိုတယ်တဲ့။ တရားလား?"lili အခုကလေးမဟုတ်တော့ဘူးလေ လှချင်တာပေါ့
ရုပ်ဆိုးဆိုးဖြစ်ရင် liliကို ဝိုင်းရယ်ကြလိမ့်မယ်''ဂုတ်ထောက်အရှည်ရှိပြီးဆံပင်ခပ်ညိုညိုလေးနဲ့အတူ
နဖူးတိထားတဲ့ဆံမြိတ်လေးပေါင်းစပ်ထားထားတဲ့
ကလေးငယ်မျက်နှာဝိုင်းဝိုင်းလေးဟာလိုက်ဖက်လွန်းခဲ့သည်။ကလေးငယ်ရဲ့ကော့စင်းနေတဲ့မျက်တောင်လေးတွေပုလဲလုံးကဲ့သို့
လုံးဝင်းပြီးတောက်ပနေတဲ့မျက်လုံးလေးတွေကကျွန်မကိုအကြည့်
မခွာစေရန်ဖြစ်စေသည်။ခပ်ထူထူဖြစ်နေတဲ့နှုတ်ခမ်းပါးထက်
နီညိုရောင်သန်းနေတယ့်နှုတ်ခမ်းနီလေးပေါင်းစပ်တော့ကလေးငယ်က
ဆွဲဆောင်မူရှိနေပြန်သည်။အရွယ်ရောက်လာသည်နှင့်တစ်ပြိုင်တည်းစိတ်မချနိုင်အောင်
လှနေလွန်းတယ့်ဒီကလေးငယ်ကြောင့်ကျွန်မဖြင့်
ရူးတော့မယ်ထင်ပါရဲ့။ကျွန်မထက်အရပ်အနည်းငယ်ရှည်
သွားတဲ့ဒီကလေးဟာတခါတရံလူကြီးတစ်ယောက်ကဲ့သို့
ကျွန်မကိုရင်ခွင်ထဲထွေးပွေ့ထားတတ်ပါသေးသည်။အဲ့လိုချိန်ဆို
ကျွန်မရင်တွေခုန်နေမိတာ ထိန်းမရတယ့်အထိဖြစ်ခဲ့သည်။"ဒါဖြင့်ရင် ကျောင်းမှာ ရည်းစားတွေဘာတွေ မထားရဘူးနော်
ယောကျာင်္း လေးတွေနဲ့လည်း အပေါင်းအသင်းမလုပ်ရဘူး''"အဲ့ဒါတော့စိတ်ချ lili လုံးဝရည်းစားမထားဘူး
jane marနဲ့ဘဲတစ်သက်လုံးအတူနေမှာ
သူငယ်ချင်းဆိုလို့လည်းchaeyoung တစ်ယောက်တည်းဘဲရှိတာ''ကျွန်မနဲ့ဘဲတစ်သက်လုံးအတူနေမယ်ပြောတိုင်းရင်ထဲနွေးထွေးမိတာ
အကြိမ်ကြိမ်ရယ်ပါ။ ကလေးငယ်ကတကယ့်ကိုစကားတတ်လွန်းသည်။"jane mar ဒီနေ့ မုန့်ဘူးမယူသွားလို့ရလားဟင်''
ကလေးငယ်ကျန်းမာရေးကိုစိတ်ပူလို့ခုလိုမုန့်ကအစကျွန်မ
စီစဉ်ပေးတာကို ကလေးငယ်ကငြီးငွေ့နေပြီထင်ပါရဲ့။
YOU ARE READING
JANE MAR
Fanfiction𝑇𝒉𝑖𝑠 𝑖𝑠 𝑙𝑖𝑠𝑎 𝑛𝑒𝑘𝑜 𝑓𝑖𝑐 𝐼𝑓 𝑦𝑜𝑢 𝑑𝑜𝑛'𝑡 𝑙𝑖𝑘𝑒 𝑖𝑡, 𝑑𝑜𝑛'𝑡 𝑟𝑒𝑎𝑑 𝑖𝑡 ツ don't reading a kid ⚠ W A R N I N G ⚠