6

1K 51 0
                                    

[Unicode]

"အားးး "ဟူသော အသံနှင့်အတူ အပေါ်ထပ်တွင် ကောင်လေးတစ်ယောက် ခေါင်းနှင့်တိုင် ဆောင့်မိပြီး သတိမေ့‌‌နေလေရဲ့။

"မိုးတိမ် သတိလစ်သွားပြီ။ တစ်ယောက်ယောက် ကူညီပါဦး"

အပေါ်ထပ်က ကောင်လေးတစ်ယောက်ရဲ့ အော်ပြောသံကို ဆရာဖြိုးကြားလိုက်တော့ ခေါင်းနပန်းကြီးသွားရပါသည်။တောက်လျှောက်ပင် အပေါ်ထပ်သို့ ပြေးတက်သွားလိုက်သည်။

တကယ်တော့ ဆရာဖြိုးမှာ အပေါ်ထပ်တွင်ရှိမနေပါ။ ဧည့်တွေ့ရက်ဖြစ်တာကြောင့် အဆောင်ကြေးသွင်းကြသည့် မိဘများရှိပါသည်။ ထို့ကြောင့် ဆရာကြီးရုံးခန်းထဲတွင် စာရင်းရေးနေပါသည်။ စာရင်းရေးအပြီး အသေးလေး အပေါ်ထပ် တက်သွားသည်ကို မြင်လိုက်၍ လိုက်သွားမည် အပြု လှေကား ပထမအဆင့်တွင် ခြေချတုန်းရှိပါသေးသည်။

အ‌ပေါ်ထပ်ရောက်တော့ ဆရာဖြိုး မှာ ဘာမှတောင်မပြောနိုင်တော့ပါ။ အသေးလေးအား ပွေ့ချီပြီး ဆေးခန်းသို့ အမြန်သွားရပါတော့သည်။သတိလစ်နေသော ကောင်လေးအား ထိန်းပေးနိုင်ရန် ဆိုင်ကယ်ကို သုံးယောက်ပိုး စီးသွားရပါသည်။ ဆရာဖြိုးကိုကြည့်ရသည်မှာ အတော်ပင် စိုးရိမ်နေပုံရပါသည်။ ဆိုင်ကယ်ကို အသားကုန်မောင်းနှင်ကာ ဆေးခန်းသို့ အမြန်ရောက်ဖို့ အရေးသာ စိတ်စောနေပါတော့သည်။

_______________________________

မိုးတိမ် မျက်လုံးနှစ်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်ရသည်က မျက်နှာကျက်။သို့သော် အဆောင်ကမျက်နှာကျက်တော့မဟုတ်။ မိုးတိမ်တစ်‌ယောက် သူအဆင့်၅ရသည်ကို အစ်ကို့ကို မပြောပြရသေးမှန်း အခုမှ သတိရသည်။ ပြောချင်ဇောနှင့် မိုးတိမ်ကုန်းရုန်းပြီး ထလိုက်သည်။
ထိုစဉ်  ပခုံးလေးကို နူးညံ့ ညင်သာစွာ အစ်ကိုက လာကိုင်သည်။

"မထသေးနဲ့ဦး အသေးလေး ၊ အခု မင်း ဆေးခန်းရောက်နေတာလေ ကိုယ့်ကိုယ်ကိုရော သိရဲ့လား"

ဘာလို့ အဲ့လောက်ထိ နမော်နမဲ့ နိုင်ရတာလဲဟု ဆူပစ်ချင်သော်လည်း ဆရာဖြိုးမှာ မဆူရက်နိုင်ပါ။ လေသံမာမာနှင့်တောင် တစ်ခါမှ မပြောဖူးသော အသေးလေးအား ဆံပင်လေးများကိုသာ ဖွလိုက်ပါသည်။

My melodyWhere stories live. Discover now