16

764 40 1
                                    

[Unicode]

" မေမေရေ... သားပြန်လာပြီ"

" ဟော သားလေး ပြန်လာပြီလား"

" သားက မေမေ့ကိုလွမ်းနေတာ"

မိုးတိမ်တစ်ယာက် အိမ်ရောက်ရာက်ချင်းမှာပင် အမေဖြစ်သူကို ဖက်ပြီး ချွဲနေလေရဲ့။

" အင်းပါ ၊ လာ သားလေး ၊ သားလေးပြန်လာမှာသိလို့ မေမေက မင်းကြိုက်တဲ့ဟင်းတွေချည်း ချက်ထားတာ"

" ရေး...... ဒါမှ တို့မေမေကွ"

ကလေးလေးတစ်ယောက်လို ခုန်ပေါက်ပြီး မြူးထူးနေသော မိုးတိမ်အား ကြည့်မရသူက သူ့အစ်မ ကလျာခန့်ပင်။
အမြဲလိုလို အမေလုရသည်ဖြစ်ရာ ဒီတစ်ခါမှာတော့ မိုးတိမ်နိုင်သွားပြီဟု ဆိုရပေမည်။
ထို့ကြောင့်ပင် ကလျာခန့်ကလည်း အားကျမခံ သူ့ဖေဖေအားချွဲလိုက်ပါသေးသည်။

" ဖေဖေလည်း သမီးကြိုက်တဲ့ မုန့်တွေဝယ်လာတာမို့လားဟင်၊ "

" ဒါပေါ့ သမီးရဲ့ "

" ရေး..... ဒါမှ တို့ဖေဖေကွ၊ တစ်ချို့သူတွေကို တို့က မုန့်မကျွေးပါဘူးနော်"

" အမလေး တို့ကလည်း မစားပါဘူးနော် "

တစ်ယောက်နှင့်တစ်ယောက် မနာလိုနေကြပြီး အမေ အဖေ လုနေသော မောင်နှမနှစ်ယောက်ကိုကြည့်၍ မိဘနှစ်ပါးကတော့ ပြုံးနေကြပေသည်။  ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ရသော မိုးတိမ်မှာ ကျေနပ်နေလျှက်။ ဘေးကမြင်ရသူကိုပါ အပျော်တွေကူးစက်သွားနိုင်စေပါသည်။ အမြဲတမ်းလိုလို ပြုံးပျော်နေတတ်သည့် မိုးတိမ်တို့ မိသားစုကို ရပ်ကွက်ထဲကအိမ်များကပင် အားကျရပါသည်။

ခရီးပန်းလာသည့် မိုးတိမ်ကတော့ ည၇နာရီခွဲကတည်းကပင် အိပ်ယာဝင်သွားတော့သည်။ ဘယ်လောက်ပဲ ပင်ပန်းပြီး အိပ်ချင်နေပါစေ  လှပသည့်စိတ်ကူးယဉ်အိပ်မက်လေးကတော့ မိုးတိမ်ရဲ့ညများတွင် ရောက်လာတတ်စမြဲပင်။ တစ်ခါတလေတော့ အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာဖို့ မိုးတိမ်ဆုတောင်းမိပါသည်။

အိပ်မက်ထဲမှာ အစ်ကိုက မိုးတိမ်တို့မြို့ကို လိုက်လာပြီး သီတင်းကျွတ်ကို မိုးတိမ်နဲ့အတူ ပျော်ပျော်ကြီးဖြတ်သန်းနေတာတဲ့။
မဖြစ်နိုင်မှန်းသိတာတောင် အမှန်ဖြစ်လာဖို့ ဆုတောင်းမိဆဲပင်။ ဘာပဲဖြစ်ဖြစ် ထိုအိပ်မက်လေးကြောင့် မိုးတိမ်ရဲ့ မနက်ခင်းလေး လှပနေခဲ့သည်။

My melodyWhere stories live. Discover now