[Unicode]
မိုးတိမ်အမေးကို ဆရာဖြိုး မဖြေတတ်ပါ။ အချစ်ဆိုတာကို တစ်ခါမှထိတွေ့မခံစားဘူးသည့် လူငယ်တစ်ယောက်ပင်မဟုတ်ပါလား။ ထိတွေ့ခံစားဖို့လည်း မစဉ်းစားခဲ့ဖူးပါ။သိုသော် မေးလာလေသူ စိတ်ချမ်းသာအောင်တော့ ဆရာဖြိုး ဖြေပေးရပေသည်။
"တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ တစ်နည်းအားဖြင့် ဂရုစိုက်ပေးမှုပါပဲ။ ချစ်တယ်ဆိုတဲ့စကားလုံးကို အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့သက်သေပြရတယ်။ မိဘက သားသမီးကို ၊ ကောင်လေးက ကောင်မလေးကို ဒါမှ မဟုတ်ရင် သူငယ်ချင်းအချင်းချင်း ဂရုစိုက်ပေးတယ်ဆိုတာ ချစ်လို့ပဲမဟုတ်လား။ တာဝန်အရ ဂရုစိုက်ေပးတာမျိုးမဟုတ်ဘဲနဲ့ပေါ့။"
"ဒါဆို..အစ်ကိုကရော သားကို ဂရုစိုက်တယ်ဆိုတာ ဘာလို့လဲဟင်"
ဆရာဖြိုးလည်း တတ်သလောက် မှတ်သလောက် စကားလေးနှင့်သာ ကျေနပ်အောင်ေဖြေပးလိုက်သည်။ မိမိစကားနှင့် မိမိအားပြန်အမေးခံရမည်ကို ဆရာဖြိုးသတိမထားမိလိုက်ပါ။ မည်သို့ဖြေရမည်ကိုလည်း မသိ။ အသေးလေးမှာ လူကို ချောင်ပိတ်မေးသည့်နေရာတွင် တော်လေသလား မပြောတတ်တော့။ အသေးလေးကို ချစ်လို့ဟူ၍လည်း ဖြေလို့မဖြစ်။ ကိုယ်တိုင်ကလည်း ယောင်္ကျားချင်းကြိုက်သည့် gay မဟုတ်။
ညီအစ်ကိုလို ချစ်လို့ ဟူသည့် အကြောင်းပြချက်ကို ဆရာဖြိုးတစ်ယောက် စိတ်လှုပ်ရှားပြီး မေ့နေဟန်တူပါသည်။ မသိမသာလေး ကွေးနေသော ဆရာဖြိုးမှာ ကိုယ့်ကိုယ်ကို သိပုံမရပါ။
"ညီအစ်ကိုလို သဘောထားပြီး ဂရုစိုက်ပေးတာမဟုတ်လား အစ်ကို"
အကြံအိုက်နေရှာသော ဆရာဖြိုးကိုကြည့်ကာ မိုးတိမ် ရယ်ချင်သလိုလိုဖြစ်လာ၍ အားနာသည်နှင့် ကိုယ်တိုင်ဝင်ဖြေပေးလိုက်ခြင်းပင်။ ကူရာမဲ့နေသည့် ဆရာဖြိုးမှာ "အင်း " ဟူ၍သာ ပြန်ပြောနိုင်တော့သည်။
နှစ်ယောက်သားမှာ ကန်ရေပြင်ကိုငေးကြည့်ရင်း ငြမ်သက်နေကြပေသည်။
"အစ်ကို၊" " အသေးလေး "
ပြိုင်တူထွက်ပေါ်လာသော အသံနှစ်သံေကြာင့် နှစ်ယောက်သား ပြုံးမိသွားကြသည်။ မိုးတိမ် ဆရာဖြိုးကိုသာ အရင်ပြောစေလိုက်သည်။
YOU ARE READING
My melody
Randomအဆောင်က ဆရာချောချောလေးနဲ့ ဆယ်တန်းကျောင်းသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး