☘️(1)

3.7K 123 13
                                    

Korea နိုင်ငံရဲ့ မိုးရာသီ က တကယ် ကိုလှပါတယ်
ဒါပေမယ့် ကျွန်မ မိုးရာသီကို သဘောမကျဘူး
ကျွန်မ ခလေးကိုလွမ်းတဲ့စိတ်တွေပိုတိုးလာလို့လေ
အင်း ခလေး ဟုတ်တယ် ခလေးလို့ပဲပြောရမှာပေါ့ ကျွန်မထက် အရာအာလုံးကိုပိုသိပိုတက်နေတဲ့ ကျွန်မရဲ့ခလေး သူမအားလို့ဖြစ်မယ်ထင်တယ်
ကျောင်းတစ်ဖက် သင်တန်းတစ်ဖက် နဲ့ လေ အဲ့လိုပဲဖြစ်ပါစေလို့ မျှော်လင့်တာပဲ ခလေးက ကျွန်မ အပေါ် အရင်ကနဲ့မတူတော့တာတော့သေချာတယ်
လူတိုင်း က အစပိုင်းမှာ ဂရုစိုက်ပြီးနောက်ပိုင်းပြောင်းလည်းသွားတာများတယ်လေ
ကျွန်မစိတ်ထင်တာလည်းဖြစ်နိုင်တာပဲ
အခုတော့အရမ်းလွမ်းတယ် ခလေးရယ် ခလေးရဲ့အထိအ‌ေတွ့ တွေကိုလွမ်းတယ်လို့လည်းပြောလို့ရတယ်
"Jane"

"Janeလို့"

"ဟမ် ပြောလေ"

"ဘာတွေများစဉ်းစားနေရတာလည်း"
"ဘာမှမဟုတ်ပါဘူး အွန်းနီ ရယ်"
"Jane အိမ်ထောင်ပြုဖို့စဉ်းစားထားတာရှိလား"
အစ်မဖြစ်သူရဲ့ အစမရှိအစုံးမရှိမေးလိုက်ချင်းကြောင့် jane တစ်ယောက် ယောင်အမ်းအမ်းသာ
"မ မရှိပါဘူး အွန်းနီကလည်း အွန်းနီတစ်ယောက်လုံးရှိတာ"
"Janeလို မိန်းခလေးတစ်ယောက်ကို လိုချင်တဲ့လူတွေဒီလောက်များတာ အွန်းနီနဲ့ ပဲတစ်သက်လုံးနေတော့မလို့လား"
"အင်း ဟုတ်တယ် အွန်းနီနဲ့ပဲနေမှာ"
"ဟားဟား ဟုတ်ပါပြီ "
Jane ဆိုတာ companyမှာဆိုရင့်ကျက်သလောက် ကိုယ်နဲ့ဆိုခလေးလေးပဲ အစစ အရာရာ လိုက်လုပ်ပေးနေရတယ်

☘️☘️☘️

ဒီနေ့ဆို မားနဲ့ မတွေရတာ ၅ရက်တောင်ရှိပြီ လွမ်းလိုက်တာ ခလေးစာမေးပွဲးဖြေပြီးမှတွေရမယ်တဲ့လား နောက်ထပ်တစ်ဘာသာပြီးရင်တွေ့ရတော့မှာပဲ ဖိုက်တင်း လာလီဆာ
မားရဲ့အတွေးတွေက အရမ်းလူကြီးဆန်တာပဲ လူကသာ ကျောင်းမှာ စိတ်က မားစီပဲရောက်နေတယ် မားက အချောအလှလေး လူတိုင်းက ကြိုက်သွားနိုင်တဲ့ ပုံစံမျိုးလေး ဒီကောင်မလေးကို သွားလေရာ အိပ်ထည်းထည့်ပြီးခေါ် သွားချင်တယ် ဒါမှမဟုတ် အိမ်မှာပဲတံခါးပိတ်ပြီးထားခဲ့လို့ရရင်လည်းကောင်းမယ်
ဟားဟား ငါ့အတွေးက ရီ စရာကြီး မားသိရင် အူတက် နေလောက်ပြီ
"သူရူးသွားတာလား"
"ထင်တာပဲ"
"စာအုပ်ကြီးကြည့်ပြီး ပြုံးလိုက် ရီ လိုက်နဲ့"
"လာလီဆာ ဂေါက်သွားပြီ"

Mar's🚫‼️Where stories live. Discover now