The Villagers​ Love​ It​ Too​ {part-1}​

89 3 1
                                    

💖💖ရွာသားလည်းချစ်တတ်တယ်💖💖
       
{Part-1}
 
အပြာရောင်မိုးကုတ်စက်၀ိုင်းအောက်ရှိသစ်တောစိမ်းကြီးများနှင့်တောင်ပြာတန်းများကာရံထားသည့်တောင်ပေါ်ရွာလေးတစ်ရွာ၌ရွာလူကြီးဖြစ်သူဦးရှောင်မုရန်၏အိမ်ရှေ့ကွပ်ပျစ်တွင်မိသားစုသုံးယောက်၀ိုင်းဖွဲ့ကာစကားပြောနေကြသည်။

  "အဘ၊အ​ေမ ကျုပ်မြို့ပေါ်မှာတကယ်ကျောင်းတက်ရမှာပေါ့နော် ဟုတ်လား"

"ဒါပေါ့ သားရဲ့....ဒါနဲ့အဘမိတ်ဆွေအိမ်ရောက်ရင်သားလိမ်လိမ်မာမာနေရမယ်နော် ...ဦးလေး၀မ်ရဲ့ပြောစကားကိုလည်းနားထောင်ရမယ်ကြားလား....ဟိုမှာဧည့်သည်တစ်ယောက်လိုမနေထိုင်ဘဲအိမ်ရှင်တစ်ယောက်လိုနေထိုင်ရမယ်...အဘဘာကိုဆိုလိုသလဲသားသိတယ်မဟုတ်လား"

"သိပါတယ်အဘရယ်...ကျုပ်အဘပြောသမျှကိုမှတ်ထားပါတယ်....အဘနဲ့အ​ေမဖြစ်စေချင်သလိုကျုပ်ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်အောင်ကြိုးစားပါ့မယ်"

ကျုပ်အဘပြောတဲ့"ဧည့်သည်လိုမနေဘဲအိမ်ရှင်လိုနေ"ဆိုတဲ့စကားကိုခင်ဗျားတို့တလွဲတွေးမှာဆိုးလို့ကျုပ်နည်းနည်းရှင်းပြမယ်နော်။တကယ်တမ်းအဘပြောတဲ့စကားရဲ့အဓိပ္ပာယ်ကသူများအိမ်မှာသွားနေတဲ့အခါ..ကိုယ်ကဧည့်သည်ဘဲဆိုပြီးနေရာတိုင်းကိုကိုယ်နဲ့မဆိုင်သလိုမနေရဘူး။အမြင်မတော်တာတွေ့ရင်၀ိုင်း၀န်းကူညီလုပ်ဆောင်ပေးရမယ်။ကိုယ့်အိမ်လိုသဘောထားပြီးကိုယ်လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သမျှလုပ်ကိုင်ပေးရမယ်လို့ဆိုလိုတာ။

"ဟင့်...ရွှတ်"

"ဟာ...မိန်းမမင်းကဘာလို့ငိုနေတာတုန်းကွ...သားကပညာသွားသင်မှာလေကွာ..
ပြီးရင်ငါတို့သားကအပြီးခွဲသွားတာမှမဟုတ်ဘဲကွ.....ကျောင်းပိတ်ရင်တစ်နှစ်တစ်ခါပြန်လာမှာဘဲကို...ကလေးလည်းမဟုတ်ဘဲငိုနေတယ်"

ကျုပ်အဘရဲ့အသံကြားလို့အ​ေမ့ကိုကြည့်မိတော့အမေကမျက်ရည်စမ်းစမ်းနဲ့ငိုနေတာဗျ။အဘပြောလိုက်မှပခုံးပေါ်တင်ထားတဲ့ဖျင်တဘက်စလေးနဲ့တို့ပြီးသုတ်နေတာ။အမေဘာလို့ငိုလဲကျုပ်သိတာပေါ့။မနက်ဖြန်ဆိုရင်ကျုပ်ကတက္ကသိုလ်ကျောင်းဆက်တက်ဖို့မြို့ကိုသွားရတော့မှာလေ။ဒါ့ကြောင့်ကျုပ်အမေစိတ်မကောင်းဖြစ်နေတာ။

💞The Villagers​ Love​ It​ Too​💞Where stories live. Discover now