Unicode
/
ငိုချင်ရင်ငိုချလိုက်လေ
/
ထိုနေ့မှစတင်ကာ ကျောင်းတွင်စုန့်ယရွှမ်းကို ထိရဲသူမရှိတော့သော်လည်း လျိုယောင့်ဝမ်တစ်ယောက်ကတော့ စုန့်ယရွှမ်းကို နေ့တိုင်းလိုလိုကျောင်းလာကြိုကာ အိမ်တူတူပြန်ကြမြဲဖြစ်သည်။ ကျောင်းရှိ လျိုယောင့်ဝမ်ကိုကြိုက်နေသောကောင်မလေးများမှာ နေ့တိုင်းကျောင်းပြီးသည်နှင့် စုန့်ယရွှမ်းတို့အတန်းရှေ့တွင်စုဝေးလေ့ရှိကြသည်။
"ဟိုဟာ..." စုန့်ယရွှမ်းလွယ်အိတ်လေးကိုလွယ်ကာ လျိုယောင့်ဝမ်အနောက်မှလျှောက်နေရင်း လှမ်းခေါ်တော့ လျိုယောင့်ဝမ်က လှည့်ကြည့်သည်။ စုန့်ယရွှမ်းက တံတွေးမြိုချလိုက်ရင်းပြောသည်။
"မင်းကိုကြိုက်တဲ့ကောင်မလေးတွေက တော်တော်များတယ်နော်"
လျိုယောင့်ဝမ်စိတ်ထဲ အတော်ထူးဆန်းသွားသည်။ ဘာအတွက်ကြောင့် စုန့်ယရွှမ်းဆီမှ ထိုစကားထွက်လာမှန်း သူမတွေးတတ်ဖြစ်သွားခြင်းကြောင့်ဖြစ်သည်။ လျိုယောင့်ဝမ်ဆီမှ ပြန်ဖြေသောစကားသံမကြားရသောအခါ စုန့်ယရွှမ်းတစ်ယောက် ရှက်တက်တက်ဖြင့် ခေါင်းငုံ့သွားပြန်သည်။
YOU ARE READING
Dear Roommate
Fanfiction" 自由的灵魂永远不会被束缚 爱从来不分性别 我爱你 正如我爱自由 没人可以改变 " --合租同学-- "လွတ်လပ်တဲ့ဝိညဥ်ဆိုတာဘယ်တော့မှအနှောင်အဖွဲ့မခံဘူး အချစ်ဆိုတာလဲဘယ်တုံးကမှ ယောင်္ကျားမိန်းမသတ်မှတ်ချက်တွေနဲ့မဆိုင်ခဲ့ဘူး ငါမင်းကိုချစ်တယ်ဆိုတာ ငါလွတ်လပ်မှုကိုချစ်မြတ်နိုးသလိုပေါ့ ဘယ်သူမှဒါကိုပြောင်းလ...