Unicode
/
ဝန်ထုတ်ဝန်ပိုး
/
စုန့်ယရွှမ်း၏ကျောင်းအင်္ကျီထဲတွင် ဆွဲကြိုးလေးတစ်ကုံးပိုလာသည် သို့ပေမယ့်တခြားသူများမြင်ရအောင် အပြင်ကိုဘယ်တော့မှ ထုတ်မထားတတ်။
မျိုးရိုးနာမယ် လျိုအမည်ရှိ ကျောင်းသားဆိုးကတော့ အရင်ကဆို semester တစ်ခုကိုတစ်ခါလောက်ပဲကျောင်းလာတာတွေ့ရပေမယ့် အခုတော့နေ့တိုင်းလိုလို ကျောင်းကစင်္ကြံလျှောက်လမ်းတွင် တစ်ခါတစ်ရံ စုန့်ယရွှမ်း၏အတန်းရှေ့တွင် ရဲရဲတင်းတင်းလာစောင့်သည်ကိုတွေ့ရတတ်သည်။
"သွားမယ် ထမင်းသွားစားကြစို့" နေ့လည်ထမင်းစားကျောင်းဆင်းသည့်ခေါင်းလောင်းမြည်သည်နှင့် လျိုယောင့်ဝမ်က စုန့်ယရွှမ်းတို့အတန်းရှေ့တွင် အချိန်မှန်စွာရောက်နေလေ့ရှိသည်။ အကျောဆန့်ရင်း လက်တစ်ဖက်က စုန့်ယရွှမ်းလည်ပင်းကိုသိုင်းဖက်ကာ လှေကားဆီသို့ဆွဲခေါ်သွားလေ့ရှိသည်။
သူတို့နှစ်ယောက်လုံးတော်တော်ခင်နေကြပြီဖြစ်သော်လည်း တခြားကျောင်းသားများ၏ပုံမှန်မဟုတ်သောအကြည့်များကို မြင်ရတိုင်း စုန့်ယရွှမ်းတစ်ယောက်နည်းနည်းတော့ စိတ်မသက်မသာဖြစ်မိသည်။ ပခုံးကိုနည်းနည်းခါပြီးရုန်းတော့ လျိုယောင့်ဝမ်က သူ့အတွေးကိုသိနေသည့်အလား ပုခုံးကိုပိုတင်းအောင်ဆုပ်ကိုင်လိုက်သည်။ စုန်ံယရွှမ်းသူ့ကိုမယှဉ်နိုင်သောကြောင့် လုပ်သမျှကိုငြိမ်ခံလိုက်ရသည်။
လျိုယောင့်ဝမ်ကျောင်းဖွင့်ကတည်းက နေ့လည်စာစားခွင့်ကတ်လုပ်မထားသောကြောင့် သူတို့နှစ်ယောက်လုံး စုန့်ယရွှမ်းကတ်ဖြင့်တူတူသုံးရသည်။ curry rice နှစ်ပွဲမှာလိုက်ပြီး စုန့်ယရွှမ်းကထောင့်ကျသောတစ်နေရာတွင် ရွေးကာထိုင်သည်။ သူလူအများဝိုင်းအကြည့်ခံရတာ သူများပြောစရာဖြစ်ခံရတာမကြိုက်ပါ။ သို့ပေမယ့် လျိုယောင့်ဝမ်ရှိနေမှတော့ ထိုကိစ္စများကရှောင်လွှဲ၍မရသောကိစ္စများသာ။
သူခေါင်းငုံ့ကာထမင်းပန်းကန်ထဲမှထမင်းကိုပါးစပ်ထဲထည့်ရင်း စိတ်ထဲမှာတော့ ဒီလောက် awkward ဖြစ်စရာကောင်းလှသည့်နေ့လည်ထမင်းစားဆင်းချိန်ကို မြန်မြန်ကုန်ဆုံးစေချင်မိသည်။ သို့ပေမယ့် ကျောင်းသားတော်တော်များများထံမှ အသံခပ်တိုးတိုးကိုကြားရဆဲပင်။
YOU ARE READING
Dear Roommate
Fanfiction" 自由的灵魂永远不会被束缚 爱从来不分性别 我爱你 正如我爱自由 没人可以改变 " --合租同学-- "လွတ်လပ်တဲ့ဝိညဥ်ဆိုတာဘယ်တော့မှအနှောင်အဖွဲ့မခံဘူး အချစ်ဆိုတာလဲဘယ်တုံးကမှ ယောင်္ကျားမိန်းမသတ်မှတ်ချက်တွေနဲ့မဆိုင်ခဲ့ဘူး ငါမင်းကိုချစ်တယ်ဆိုတာ ငါလွတ်လပ်မှုကိုချစ်မြတ်နိုးသလိုပေါ့ ဘယ်သူမှဒါကိုပြောင်းလ...