Chapter 5

160 10 9
                                    


Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

/

အေးပါ

/

လျိုယောင့်ဝမ်နိုးလာသောအခါ ဘယ်ဘက်လက်တစ်ခုလုံးမရှိတော့သလိုခံစားလိုက်ရသည်။ ဘေးတွင်အိပ်ပျော်နေဆဲဖြစ်သောကလေးလေးကတော့ မနေ့ကအငိုလွန်သွားသဖြင့် မျက်လုံးများယောင်နေသည်။

သူဖြည်းဖြည်းချင်းထကာ စုန့်ယရွှမ်း၏ခေါင်းကိုခေါင်းအုံးပေါ်သို့ မ ရွှေ့လိုက်သည်။ ကုတင်ပေါ်မှဆင်းကာသွားမည်ကြံတော့ စုန့်ယရွှမ်းနိုးလို့သူ့ကိုရှာရင် ရှာမတွေ့မှာစိတ်ပူမိပြန်သောကြောင့် စာတိုလေးရေးကာ ဘေးတွင်ထားထားလိုက်သည်။ အကုန်လုပ်ပြီးသွားမှ လျိုယောင့်ဝမ်တစ်ယောက် ကိုယ့်ကိုကိုယ်အတော်ကလေးဆန်ပါလားဟုတွေးနေမိပြန်သည်။ ဘယ်တတ်နိုင်ပါမလဲ ကလေးဆန်သောကောင်လေးမို့ ချော့ပြီးပြောမှသာအဆင်ပြေမည်ထင်သည်။

ရေချိုးအင်္ကျီလဲပြီးအိမ်အောက်ကိုဆင်းသည်။

"ဦးလေး ... ဘိန်းမုန့်နှစ်ချပ်.. တစ်ချပ်က ကြက်သားနဲ့ တစ်ချပ်က ကြက်ဥရယ်ဘေကွန်ရယ်နဲ့" လျိုယောင့်ဝမ်က ပိုက်ဆံကိုဦးလေးကြီး၏ ပိုက်ဆံသိမ်းသည့်ခွက်ထဲသို့ပစ်ထည့်လိုက်ရင်းပြောသည်။

"မင်းအခန်းဖော်အတွက်ဝယ်တာလား?" ဦးလေးကြီးက လျိုယောင့်ဝမ်ကိုခေါင်းစောင်းကြည့်ရင်းမေးတော့ လျိုယောင့်ဝမ်ခေါင်းညိမ့်လိုက်ရင်း နံရံကိုမီကာပြုံးမိသည်။

Dear RoommateWhere stories live. Discover now