The Reason (Part-3)

182 14 1
                                    

The Reason -3

Taemin တစ်ယောက် ထုံးစံ အတိုင်း နားကျပ် လေး တပ်ကာ ခေါင်းငုံ့ပြီး လမ်းလျှောက် လာလေသည်..

သူ၏ ပုံမှန်ကိုက ထိုကဲ့သို့ပင်.. သီချင်း နားမထောင် နေရင်တောင် နားကျပ် ကတော့ နားမှာ အမြဲတပ်ထား တတ်လေသည် ...

ကောင်မလေး တွေ စကားလာပြောမှာဆိုးလို့..

ရုတ်တရပ် သူ့အရှေ့ မှာ လူတစ်ယောက် ပိတ်ရပ်လိုက်လေသည်..

သူက လမ်းပိတ်နေသည်အမှတ် နှင့် ဘေးသို့ ကပ်ကာ လမ်းဖယ် လိုက်ပေး လိုက်သည် ..

သို့သော်.. ထိုသူက သူဖယ်ပေးသည့် နောက်ကို လိုက်ပိတ်နေလေသည်..

သူလဲ စိတ်ရှုပ်လာပြီး ဘာလဲကွာ ဟု တွေးကာ မော့ ကြည့်လိုက်ရာ..

သူ့ရှေ့တွင် သူ့ထက် အတန်းကြီးမယ် လို့ ယူဆ ရသော ကောင်လေး လေးငါး ယောက် က သူ့အား ပိတ်ရပ်ထားသည်..

Taemin မှာ မျက်နှာ လေး ချောက လွဲလို့ လူကောင်က ပိန်ပိန်သေးသေး ဖြစ်သည်..

ငယ်ငယ် တုန်းကဆို မိန်းကလေး နဲ့တူ ပြီး ကောင်မလေး လို ချော လွန်း၍ ပြဇာတ် ကတိုင်း သူ့ကိုလာလာ ခေါ်တတ်ကြသည်..

(16 နှစ်ဆိုတော့ Taemin Debut မလုပ်ခင်တုန်းက ပုံလေးအား တွေး၍ မြင်ယောင် ကြည့်ပါ.. အဲ.. Debut တုန်းက 14 နှစ်ဆိုတော့ Juliette တုန်းကလောက် )

Students - Yahh.. Lee Taemin

Taemin - Wae'?? Na' Arrya??

Students - ရိုရိုသေသေ ပြောစမ်း.. ဘာလဲ.. လုပ်ထည့်လိုက်ရ..

ဟုဆိုပြီး သူ့ကို ပိတ်တွန်း လိုက်လေသည် ..

Taemin နဲနဲ ယိုင်သွားသော်လည်း ဒေါသကို မျိုချကာ ဟန်မပျက် ထပ်မေးလိုက်သည် .. စိတ်မထိန်း ၍ လဲ မရပါ.. ထို လူအုပ်ကို သူဘယ်လိုလုပ်နိုင်မလဲ??

Taemin - Wae'? ဘာလိုချင်လို့လဲ??

Students - အခုနောက်ပိုင်း Lee Taemin.. Lee Taemin ဆိုပြီး ကောင်မလေး တွေကြားထဲ အရမ်း နာမည်ကြီး လာတယ်နော်..

Taemin - ဘာတွေလာပြောနေတာလဲ ?

Students - ဒီမျက်နှာ လှလှ လေးသာ တစ်ခုခု ဖြစ်သွားရင် အခုလို နာမည် ကြီးလာနိုင်တော့ပါ့မလား??

The Reason(Completed)Where stories live. Discover now