သုံးနှစ်နီးပါးလောက် အနှောင့်အယှက်ပေးခဲ့တာလေ
အခု ဆံပင်အရောင်လေး ပြောင်းလဲလိုက်တာဟာ
ဂျင်းနီ အတွက် စိတ်ထိခိုက်မှုကြီး ဖြစ်သွားတာလား
သိသိသာသာ ပြောင်းလဲ သွားတဲ့ မျက်နှာသွင်ပြင်ဟာ
ချန်း ကို မေးခွန်း တွေ အများကြီး ပေးသွားသလိုပဲလပတ် အမှတ်စာရင်းနဲ့ အဆင့်သတ်မှတ်ချက်တွေ ဖော်ပြထားတဲ့ board ရှေ့မှာ ရပ်ရင်း ချန်းတစ်ယောက် သူမရဲ့ အဆင့်ကို ကြည့်နေလိုက်သည်။
ချန်းက တကယ်တော့ စာတော်တဲ့ကျောင်းသူတစ်ယောက်ပေါ့။ အံ့သြစရာ တစ်ခုပြောပြရမလား
ဂျင်းနီ က သူမတို့အတန်းရဲ့ အတော်ဆုံးကျောင်းသူတစ်ယောက်လေ ချန်းက သူ့ကို ဘယ်လိုမှ မယှဥ်ပြိုင်နိုင်ဘူး။ ကျောင်းမှာဆိုလည်း ဆရာစာသင်ပြီဆို သူက သေချာ လိုက်နားမထောင်လောက်ဘူး ချန်း ထင်တာပေါ့လေ ဘာလို့ဆို ချန်းအနောက်မှာ ထိုင်တဲ့ ဂျင်းနီက အမြဲလိုလို စကားအမျိုးမျိုးပြောပြီး လိုက်စ နေလို့ပါပဲ။
အဲ့လို စာတော်တဲ့သူက စာမေးပွဲ တစ်ခုဖြေဆိုတိုင်း ချန်းကို စာပဲ မေးနေတာ အဖြေပြန်ရမှာ မဟုတ်မှန်းသိလျက်နှင့်။အခုတော့ ချန်း နာမည် ကို ထိပ်ဆုံးမှာ တွေ့လိုက်ရပြီး သူ့နာမည်က တော့ ဆယ်ယောက်မြောက်နေရာကို ရောက်သွားလေရဲ့။
ဘယ်လိုဖြစ်ရတာလဲ ချန်း လည်း နားမလည်။ဂျူဟွန်း နဲ့ ယှဥ်တွဲ လျှောက်လာသော ဂျင်းနီ
မျက်နှာ လည်း သိပ်မကောင်း
ဂျူဟွန်း ကလည်း သူ့ကျောပြင်ကို ပုတ်ပေးနေလို့
ဒါက တစ်ခုခုကို နှစ်သိမ့်နေတဲ့ အပြုအမူပဲလေ။သူမကို မြင်တော့ သူ့မျက်နှာက ပိုပြီး တည်သွားတဲ့အပြင် သူမကိုပါ မျက်ထောင့်နီနဲ့ ကြည့်နေသည်။
'ဘုရားရေ ငါ ဘာအပြစ်များ သူ့အပေါ်လုပ်မိပါလိမ့်'
"အန်နာချန်း''
WTF! ဘာနာမည်ကြီးလဲ။
"သိပ်ပျော်နေတယ်ပေါ့''
ဟင် ဘလိုင်းကြီး။
"ဟဲဟဲ လန့်သွားလား''
စောနက ရုပ်နဲ့ ဆန့်ကျင်ဖက် မချိုမချဥ်ရုပ် ဖြစ်သွားသော ဂျင်းနီ။
YOU ARE READING
RubyJane&Her RosiePosie
General FictionChaennie short fiction collection July/ 21 / 2021 - December / 20 / 2021