CHEMISTRY

2.3K 250 7
                                    


စာသင်ချိန်ပြီးသွားခဲ့တာမို့ လေညှင်းခံရန် ကျောင်းရဲ့ ခေါင်းမိုးထပ်ကို တက်လာလိုက်သည်။
ခေါင်းမိုးထပ်တံခါးကို ဖွင့်လိုက်ဆဲမှာပဲ မျက်လုံးတွေပြာဝေသွားလေ၏။
ခေါင်းမိုးထပ်ရဲ့ အုတ်လက်ရန်းပေါ်မှာ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထားကာ ခုန်ချတော့မည့်အသွင်ကို ဆောင်ယူနေသော ကျောင်းသူ တစ်ယောက်ကို မြင်လိုက်ရတာမို့ ထွေထွေထူးထူး စဥ်းစားမနေပဲ လှမ်းဆွဲလိုက်တော့ သူမ ကိုယ်ပေါ်မှာ ကျောင်းသူရဲ့ ခန္ဓာကိုယ် ကပါ အုံ့မိုးသွားသည်။

ကျောင်းသူလေးက ရုတ်တရက် ထလိုက်ရင်း သူမကို စိတ်ပျက်ဖွယ်ရာ အကြည့်နှင့်ကြည့်ကာ

"ဘာလုပ်တာလဲ''

တံတောင်ဆစ်က ဖုန်တွေကို သုတ်ရင်း

"အဲ့ဒီအမေးစကားကို ငါ က မေးရလိမ့်မယ်ထင်တယ် ကျောင်းသူ''

ဆောင့်ကြွားကြွား မျက်နှာပေးနှင့်အတူ သူမကို မထီမဲ့မြင်ကြည့်ပြီး

"ROSE လုပ်နေတာ''

"ဘာရယ်''

"Titanic ထဲက ROSE လို လုပ်နေတာ''

"ကျောင်းသူ က ROSE လုပ်တယ်ဆို ဘယ်မှာလဲ Jack က ပြီးတော့ ဒီလောက် အန္တရာယ် များတဲ့နေရာမှာလေ မတော်တဆများ ပြုတ်ကျကြည့်စမ်း အရိုးတခြား အသားတခြား ဖြစ်နေမှာပဲ''

"အဲ့ဒါလည်း ကောင်းတာပဲ မဟုတ်ဘူးလား သေတော့လည်း သေသွားတယ်ပေါ့''

ခပ်မဲ့မဲ့ ပြုံးရင်း ဖြေလိုက်တဲ့ကျောင်းသူလေးရဲ့ မျက်လုံးတွေဟာ အရာရာတိုင်းကို စိတ်ကုန်နေသည့်အသွင်။
ကျောင်းဝတ်စုံမှာတပ်ထားတဲ့ Name Tag ကို ကြည့်လိုက်ကာ

"သြော် ဒီနေ့ ငါ့ အတန်းကို လစ်တဲ့ Roseanne ဆိုတာ မင်းကိုး ဟိုအရင်ရက်တွေကလည်း အတန်းမှန်မှန်မတက်လောက်ဘူး''

သူမ အပြောကြောင့် ကျောင်းသူ ရဲ့ အကြည့်တွေက အနည်းငယ် ကြောင်သွားလေသည်။

"တီချယ် ပေါ့ တောင်းပန်ပါတယ် ခပ်ရိုင်းရိုင်းပြောမိတာ ဒီတိုင်း အရွယ်တူ ထင်လို့''

ရိုင်းပေမဲ့လည်း လေးစားမှုတော့ရှိသား လို့ Jane မှတ်ယူလိုက်သည်။

RubyJane&Her RosiePosieWhere stories live. Discover now