ကျွန်မ အသက် 17 နှစ်မှာ မေမေက ကလေးလေးတစ်ယောက်ကို အိမ်ခေါ်လာခဲ့တယ်။ ကလေးလေးမှာ ချစ်စရာကောင်းတဲ့ မက်မွန်သီး ပုံစံလို ပါးဖောင်းဖောင်းလေးတွေကို ပိုင်ဆိုင်ထားတယ်။ ကလေးတိုင်းက ဒီလိုပုံစံမျိုးဆိုပေမဲ့ ဒီကလေးလေးရဲ့ ပါးမို့လေးတွေကိုက ပိုပြီး ရဲနေသယောင်ယောင် ဖြစ်နေတယ်။
ပြီးတော့ အညိုမှိုင်းမှိုင်း မျက်ဝန်းတွေ။
အဲ့ဒီမျက်ဝန်းတွေဟာ ကလေးတစ်ယောက်မှာ ရှိသင့်တဲ့ မျက်ဝန်းတွေလို ကြည်လင်တောက်ပ မနေပဲ အေးစက်လွန်းနေတယ်။"သမီး Jane သူက ဒီနေ့ က စပြီး မေမေတို့နဲ့ တူတူနေတော့မှာမို့ သမီး ညီမလေးတစ်ယောက်လို သဘောထားရမယ် သူ့နာမည်က Young တဲ့''
ဘယ်ကမှန်း မသိတဲ့ ကလေးလေးတစ်ယောက်ကို သူမ ညီမလေးလို့ သတ်မှတ်ရမှာလား။
မေမေရဲ့ နောက်အိမ်ထောင်က ကလေးများလား။
အို ပေါက်ကရတွေ ငါဘာတွေ တွေးနေပါလိမ့်။
"ဂျိန်း ပေါက်ကရ တွေ လျှောက်တွေးမနေနဲ့ မေမေနောက်မှ အလုံးစုံ ရှင်းပြမယ်''
မေမေက သူမ အတွေးကို သိသည့်အလား လေသံခပ်မာမာနဲ့ ပြောနေသည်။
"Young လေး ဒါ သမီးရဲ့ မမ Jane တဲ့ မမ လို့ ခေါ်ကြည့်ပါဦး''
"မမ''
အေးစက်နေသော မျက်ဝန်းတွေဟာ တမဟုတ်ချင်း ပဲ နွေးထွေးသည့်အသွင်ကို ကူးပြောင်းသွားသည်။
ကလေးတစ်ယောက်ကို အကဲ ဖြတ်နေသည့် Jane ကိုယ့်ကိုကိုယ် တောင် စိတ်ပျက်မိသွားသည်။
"မေမေ သူ့အသက်က ဘယ်နှနှစ်လဲ''
"7နှစ်''
ကိုယ့် ထက် ၁၀နှစ်လောက် ငယ်သည့် ညီမသေးသေးလေး ကို ရသွားတာမို့ Jane တစ်ယောက် ပျော်မနေပါ။
"Jane Young ကို ရေချိုးပေးပြီး အဝတ်အစားဆင်ပေးလိုက် လောလောဆယ် တော့ Young ရဲ့ အဝတ်အစားတွေ မရှိသေးတာမို့ သမီး ငယ်ငယ်တုန်းက အဝတ်တွေ ရှိရင်ပေးဝတ်ထား မေမေ အလုပ်ကိစ္စ ရှိတာမို့ အပြင်ခဏသွားဦးမယ်''
"မေမေ သမီး စာကျက်....''
သူမ စကားပင် မဆုံးသေး
VOCÊ ESTÁ LENDO
RubyJane&Her RosiePosie
Ficção GeralChaennie short fiction collection July/ 21 / 2021 - December / 20 / 2021