Part-6

122 13 7
                                    

Saintတစ်ယောက်စံအိမ်တော်ကြီးထဲသို့ သခင်မကြီးအမိန့်အရ ရောက်လာခဲ့သည်
အိမ်ထဲဝင်ဝင်ပြီး မြင်လိုက်ရသည်ကား အကိုလေးPerth

Perth: Saint ကဒီကိုဘယ်လိုရောက်လာတာလဲ
Saint: သခင်မကြီးက Saintကိုဒီစံအိမ်တော်ထဲမှာနေပြီး အလုပ်လုပ်ရမယ်ဆိုလို့ပါအကိုလေး
Perth: ဒါဆိုSaintကဒီတစ်အိမ်လုံးမှာရှိတဲ့အလုပ် အကုန်လုပ်ရမှာလား
Saint: အဲ့လိုလည်းမဟုတ်ပါဘူး အကိုလေးနဲ့စေ့စပ်ပေးမယ့် မမလေးDarliဆီမှာပဲလုပ်ရမယ်တဲ့ သခင်မကြီးက
Perth: Darliခိုင်းသမျှ Saintကလုပ်ပေးရမှာလား
Saint: လုပ်ပေးရမှာပေါ့ Saintကဒီအိမ်ကအစေခံပဲကို ခိုင်းတဲ့အတိုင်းလုပ်ရမှာပေါ့ နောက်ပြီးမမလေးDarliဆိုတာကလည်းတစ်ခြားသူမှမဟုတ်တာ မကြာခင်ဒီအိမ်ရဲ့ချွေးမဖြစ်လာမယ့်သူပဲလေ

ပြောရင်းမျက်ရည်များဝဲတက်လာသော သူအရမ်းချစ်ရတဲ့ကောင်လေး မချစ်ဘူးလဲပြောသေးတယ်  အခုငိုတော့မလိုဖြစ်နေတာလည်းသူပဲ ကိုယ်ဘယ်လိုပြောပြရမလဲSaintရယ် ကိုယ်ချစ်တာကမင်းကိုလေ မချစ်တဲ့သူတစ်ယောက်ကိုယ်ကလက်ထပ်စရာလား

Perth:  ဘာလို့Darliက ဒီစံအိမ်ရဲ့ချွေးမဖြစ်လာရမှာလဲ ကိုယ်ချစ်တာကမင်းကိုနော် နောက်ပြီး ကိုယ်မင်းဆီကအဖြေလိုနေသေးတယ် မင်းလည်းကိုယ့်ကိုချစ်တယ်မလားဟင် ကိုယ့်ကိုတစ်ခုခုပြောပါအုန်း
Saint: ဟင့်အင်း ကျွန်တော်အကိုလေးကိုမချစ်ဘူး
Perth: မလိမ်တတ်ဘဲမလိမ်စမ်းပါနဲ့Saintရယ် မင်းလည်းကိုယ့်ကိုချစ်တယ်ဆိုတာကိုယ်သိနေတယ်
Saint: မဟုတ်ဘူး မချစ်ဘူး😢

ဟန်ဆောင်ရတာပင်ပန်းလွန်းတယ် မောင်ရယ် Saintလေမောင့်ကိုသိပ်ချစ်တာပေါ့ စတွေ့ကတည်းကချစ်မိခဲ့တာ အခုလည်းSaintမှာဘာအခွင့်အရေးမှမရှိပြန်ဘူး  Saintအရမ်းချစ်ရတဲ့မောင်ကလက်ထပ်ရတော့မယ်တဲ့လေ "မောင်" စိတ်ထဲကနေခေါ်နေကျနာမ်စားလေး

Perth: ကောင်းပြီလေ တကယ်ချစ်မချစ်စမ်းကြည့်ရမှာပေါ့😏

စကားဆုံးတာနဲ့Saintရဲ့ခါးကိုဆတ်ကနဲဆွဲလိုက်ပြီးလက်တစ်ဖက်ကSaintရဲ့မျက်နှာနုနုလေးကိုထိန်းကိုင်လျက်အတင်းနမ်းလေသည်

Saint: ဘာလုပ်တာလဲ ဟင့်  လွှတ်😢

Saintလည်းရုတ်တရက်မို့ငြိမ်နေမိသည် ပြီးမှသတိပြန်ဝင်ကာ Perthအားအတင်းတွန်းလွှတ်လိုက်သည် မျက်လုံးထဲမှလည်းမျက်ရည်များစီးကျလျက်

Behind a loveWhere stories live. Discover now