"မောင့်အချစ်လေးရေ ခနထွက်ခဲ့ပါအုန်း"
အိပ်မပျော်လို့ဟိုလှိမ့်ဒီလှိမ့်နဲ့အတွေးများနေတုန်းကြားလိုက်ရတဲ့အသံတစ်သံ သေချာပေါက်မောင်ဘဲပေါ့ ဒီအချိန်ကြီးဘာလာလုပ်ပါလိမ့်
တစ်ခြားသူတွေနိုးသွားမှာစိုးတာကြောင့်အမြန်ထွက်လာရတော့သည် မနက်ဖြန်ဆိုမောင်သွားရမယ့်နေ့ပဲ"မောင် ဒီအချိန်ကြီးဘာလာလုပ်တာလဲတစ်ခြားသူတွေမြင်သွားအုန်းမယ်"
"မြင်မြင်ပေါ့ ကိုယ့်ချစ်သူဆီကိုယ်လာတာပဲ မောင်မှာပြောစရာတွေအများကြီးရှိတယ် လာ ဒီမှာလာထိုင်"
"အကြာကြီးတော့မရဘူးနော်
တော်ကြာအိမ်သားတွေနိုးသွားအုန်းမယ်""အင်းပါ မကြာစေရဘူးနော် လာ မောင့်ဆီ"
ခုံတန်းရှည်လေးပေါ်ထိုင်ခိုင်းရင်းရင်ခွင်ထဲသွင်းပစ်လိုက်တော့ အင့်ကနဲဖြစ်သွားသောကောင်လေး မနက်ဖြန်ဆိုရင်ပဲဒီကောင်လေးနဲ့ခွဲရအုန်းမယ် မျက်နှာညှိုးနေသောကောင်လေးကိုကြည့်ရင်းစိတ်မကောင်းဖြစ်ရသည် သူလည်းအရမ်းခံစားနေရမှာပေါ့ အရင်တစ်ခေါက်တွေသွားတုန်းကတော့ပေါ့ပေါ့ပါးပါးပေမယ့် ဒီတစ်ကြိမ်တော့စိတ်ကတစ်မျိုးကြီး ချစ်ရသူနဲ့ခွဲခွာရတော့မယ်ဆိုတဲ့ခံစားချက်ကြီးကမသက်သာလိုက်တာ တစ်နှစ်ပါပဲSaintရယ် ပြီးရင်မောင်နဲ့အတူတူတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေရတော့မှာပါ ကိုယ့်ကိုယ်ကိုပြန်အားတင်းရင်းမှာစရာရှိတာတွေမှာရတော့သည်
"Saint မနက်ဖြန်ဆိုမောင်သွားရတော့မယ်"
"....."
တုံ့ပြန်မှုမရှိဘဲ ရင်ခွင်ထဲမျက်နှာအပ်ထားသောကောင်လေးကြောင့်စိုးရိမ်မှုကအတိုင်းသား
"ဝမ်းနည်းသွားပြီလား တစ်နှစ်ပဲစောင့်နော် ပြီးရင်မောင်နဲ့အတူတူဘဝတစ်ခုကိုထူထောင်ကြမယ် မောင်ကSaintကိုပြည့်ပြည့်စုံစုံထားနိုင်တဲ့အချိန်ကျရင်မောင်Saintကိုလက်ထပ်မယ် ဘယ်သူတွေဘာပြောပြောမောင်ဂရုမစိုက်တော့ဘူး မောင့်ကိုအဲ့အချိန်ထိလေးပဲသည်းခံပြီးစောင့်ပေးနော် မောင်ပြောတာနားထောင်နေရဲ့လားဟင် မောင့်ကိုကြည့်ပါအုန်း"