အချိန်တွေတစ်ဖြည်းဖြည်းနဲ့ကုန်လာလိုက်တာPerthကျောင်းပြန်တက်ဖို့အတွက်abroadသွားရမယ့်အချိန်လည်းနီးလာလေပြီDaliကတော့Perthနဲ့အတူကျောင်းလိုက်တက်မယ်ဆိုပြီးperthတို့အိမ်မှာဘဲနေဖြစ်တော့တယ် မိဘတွေကလည်းPerthနဲ့daliတို့ရင်းနှီးမှုပိုရအောင်daliကိုခေါ်သွားဖို့perthအားတိုက်တွန်းကြသည် ဘယ်တတ်နိုင်မလဲအမေ့ရဲ့အာဏာဆိုဘယ်သူမှမလွန်ဆန်နိုင်Saintကိုလည်းအားနာရသေးသည် တော်သေးတာပေါ့ကျွန်တော်ကောင်လေးကအစစအရာရာနားလည်ပေးတတ်တဲ့အဖြူထည်လေးမို့
ဒီလိုနဲ့abroadမသွားခင်တစ်ပတ်အလို
"မောင် နိုင်ငံခြားသွားမယ့်ရက်တောင်နီးလာပြီနော်"
"အင်းလေ ဘာလဲမောင့်ချစ်သူလေးကမောင့်ကိုခုတည်းကလွမ်းနေပြီပေါ့ဟုတ်လား မောင့်ကိုပြောပါအုန်း"
"လွမ်းတာပေါ့မောင်ရယ်Saintတစ်ယောက်တည်းဒီအိမ်ကြီးမှာဆက်မနေရဲဘူး Saintကြောက်တယ် မောင်ကအရမ်းကြီးကြာမှာလားဟင်"
Saintအရမ်းကြောက်ပါသည် ဒီအိမ်ကြီးမှာရှိတဲ့သူအားလုံးအစေခံတွေကအစသူ့ကိုအမြင်ကြည်ကြတာမဟုတ်ဘူးလေမမချယ်ရီတစ်ယောက်ပဲသူ့ဘက်ရှိတာ သူတို့သခင်လေးကိုကြံနေတာပါဆိုပြီးနှိပ်စက်ချင်နေကြတာ အခုချစ်သူတွေဖြစ်နေတာများသိရင်ဖြစ်လာမယ့်အကျိုးဆက်ကမတွေးရဲစရာ
"မကြာပါဘူးSaintရယ်တစ်နှစ်ထဲပါနော်ဒီနှစ်ကနောက်ဆုံးနှစ်လေပြီးရင်မောင်လည်းဘွဲ့ရပြီးမောင်တို့အတူတူနေလို့ရပြီ"
"ပြီးတော့လေမောင်တစ်ခုပြောစရာကျန်သေးတယ်အခုတစ်ခေါက်သွားမှာကလေdarliလည်းပါမှာ"
" ........"
"မောင်Saintကိုလျိုဝှက်မထားချင်လို့ပြောပြတာပါ ဝမ်းနည်းသွားလားဟင်"
"Saintကဘာများပြောပိုင်ခွင့်ရှိလို့လဲမောင်ရယ် ကိုယ့်အိမ်ကအစေခံတစ်ယောက်ကိုအခုလိုမျိုးမောင့်ရဲ့ချစ်သူဖြစ်ခွင့်ပေးထားတာတောင်လွန်လွန်းနေပါပြီမောင်ရယ်"
"Saint!! မောင်ဘယ်နှစ်ခါပြောရမလဲ နောက်တစ်ခါအဲ့လိုအဆင့်အတန်းတွေဘာတွေလုံးဝထည့်မပြောပါနဲ့"
Perthအော်လိုက်မိသည် ဒီလိုပါပဲသူ့ကောင်လေးကအမြဲတမ်းလိုလိုသိမ်ငယ်နေတတ်တာ စကားပြောရင်လည်းအဲ့အဆင့်အတန်းဆိုတာကြီးကိုထည့်ထည့်ပြောတတ်တာ သူ့ကိုမအော်ချင်ဘဲလည်းအော်နေရတာ ဒါတောင်ဒီကောင်လေးကအမှတ်မရှိဘူး