Chapter 01: အတိတ် (အမြည်း)

181 10 0
                                    

Unicode-

တံခါးပိတ်သံကို ကြားလိုက်သည်နှင့်ပြန်လာသည်ကိုစောင့်ဆိုင်း​နေခဲ့သည့် လီကျင်းချန်က သူပြန်လာဖို့ဘယ်တုန်းကမှ မစောင့်နေဖူးသည့် လျောင်ချန်းယွမ် ပြန်လာသည်ကိုမိန်း​မော​တွေ​ဝေစွာဖြင့် မေးလိုက်သည်။

" မင်းပြန်လာပြီလား"

လျောင်ချန်းယွမ် စကားပြန်မပြောခဲ့ပေ။ အဲ့ဒီအစား ခန္ဓာကိုယ်ကို သူ့ပေါ်လှဲချလိုက်ပြီး ကိုအလျင်အမြန်စတင်ပြီးနမ်းလာခဲ့သည်။

ယခင်က လျောင်ချန်းယွမ် အိမ်ကိုမူးပြီးပြန်လာချိန်တိုင်း ဒီလိုမျိုးတစ်ခုခုပြုလုပ်နေကျဖြစ်သည်။ သို့ဖြစ်၍လီကျင်းချန်က လျောင်ချန်းယွမ်၏ ထိုသို့‌ကဲ့သောအပြုအမူမျိုး ကို
ကျင့်သား ရ‌နေပြီဖြစ်သည်။ သို့သော်
မကြာခင်မှာပင် တစ်ခုခုမူမမှန်တာကို သတိပြုမိလိုက်သည်။

ဥပမာအားဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိလူသည်အလွန်လေးလံ​​နေပြီး ထိုသူနှင့်ပတ်သက်၍ ရင်းနှီးနေသော ခံစားချက်မျိုး ရှိမနေခဲ့ပေ။

ထိတ်လန့်သွားပြီး လီကျင်းချန်သည်ဘေးဘက်ရှိ စားပွဲတင်မီးအိမ်ကိုဖွင့်လိုက်သည်။

သူ့ကိုဖိထား​သောသူသည်
လျောင်ချန်းယွမ်၏သူဌေး ချန်ခဲ့ရီဖြစ်​နေခဲ့ခြင်းပင်။ လီကျင်းချန်သည်သူ့ကိုတစ်ကြိမ်သာ အဝေးမှတွေ့ဖူးသည်။ သူက အသက်​လေးဆယ်ရှိပြီး ဝတဲ့လူတစ်​ယောက်ဖြစ်သည်။ ယခုမူ ထိုသူသည် သူနှင့်အလွန်ပင်နီးကပ်​နေခဲ့သည်။ လီကျင်းချန်သည် ချန်ခဲ့ရီ၏ မျက်လုံးများ၌ ကာမစိတ်များမွှန်ထူနေသည်ကို တွေ့ရလိုက်သည်။ ထိုသူ၏ အသက်ရှုကလည်း ပြင်းပြလျက်ရှိပြီး တကယ့်ကိုဆိုးရွားသော အငွေ့အသက်မျိုး ရနေသည်။

လီကျင်းချန် မီးဖွင့်လိုက်သည်ကိုမြင်‌တော့ ချန်ခဲ့ရီသည်ခဏတာမျှ
အံ့သြသွားသည်။ ထို့နောက်သူသည် လီကျင်းချန်၏ လက်များကိုခေါင်းအုံးပေါ်သို့ဖိလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်ဆိုလာသည်

" ငါ ချန်းယွမ် နဲ့သဘောတူထားပြီးပြီ တစ်ညပဲ...ဒီတစ်ညပြီးရင်သူ့လောင်းကစား အကြွေးတစ်သန်းကိုသူ့အတွက်ငါဆပ်​ပေးလိုက်မယ်!"

New Marriage (Rebirth) {MM translation} PromotionWhere stories live. Discover now