Chapter 3: အမှန်တရား (အမြည်း)

127 7 0
                                    

Unicode-

အခန်းထဲကတိတ်ဆိတ်မှုက ကြောင်တောင်တောင်နိုင်လှသည်။ လီယောင်းကျူက ခေါင်းငိုက်စိုက်ကျနေရင်းဖြင့် လီကျင်းချန် မူမမှန်နေမှုကို သတိမထားမိဘဲ ပြောလိုက်သည်။

"အဲ့တာက မင်းကိုအခက်တွေ့စေတယ်ဆိုရင်တောင် ဒီပလတ်စတစ်စက်ရုံကငါနဲ့ မင်းအမေရဲ့ အားထုတ်မှုတစ်ခုပဲ။ အဲဒါ ဒီပုံစံအတိုင်းပျောက်ကွယ်သွားမှာကို ငါမမြင်ချင်ဘူး"

"ကျွန်တော်သူ့ကို သွားတွေ့မယ်!"

ထိုကဲ့သို့ ရင့်ရင့်သီးသီးပြောပြီးနောက် လီကျင်းချန်က အပေါ်ထက်သို့တက်သွားလိုက်သည်။

‌နောက်မှာကျန်ခဲ့တဲ့ လီယောင်းကျူ၊ သူခံစားမိတဲ့ တစ်ခုတည်း‌သောအရာက
ဒီနေ့ လီကျင်းချန်ကသူ့ကို ပုံမှန်နဲ့မတူ၊ မရင်းနှီးတဲ့ အေးစက်စက်ခံစားချက်မျိုးသာ ပေးနေသည်။ သူကမိမိကို လုံလုံ‌လောက်လောက် လေးစားခြင်းမရှိခဲ့။ သို့ပေမယ့် သူလိုချင်တဲ့အရာကို ရပြီ လို့တွေးမိချိန်မှာတော့ အနည်းငယ် ရွှင်မြူးသွားရသည်။ လီယောင်းကျူက မိမိကိုယ်ကို 'တော်လိုက်တဲ့ ငါပါလား' ဟုချီးကျူးလိုက်ပြီး အသံကိုမြှင့်ကာ ကျင်းချန်ကိုအော်ပြောလိုက်၏။

"ငါမင်းအတွက် ရက်ချိန်းတစ်ခု လုပ်ထားပေးမယ်"

အခန်းထဲရှိ ကုတင်ဘေးမှာတော့
မမဖန်းက သူ့အတွက် နွားနို့ဖျော်ပေးနေသည်။ သူမလိုက်ကာများကို ပိတ်လိုက်တာမြင်တော့ ကျင်းချန်ကတံခါးတံခါးပိတ်ပြီး ပြောလိုက်၏။

"မမဖန်း ကျွန်တော့အမေ ဘယ်လိုမျိုးသေသွားလဲဆိုတာသိလား"

သူမလုပ်လက်စအလုပ်ကို ရပ်လိုက်သည်။ သူမလှည့်လာတော့ ကျင်းချန်တွေ့လိုက်သည်မှာကား ဖြူ‌ဖျော့နေသည့် သူမရဲ့မျက်နှာ။ အနည်းငယ်တုံ့ဆိုင်းပြီးနောက် သူမကကသိကအောက်ဖြင့် ဆိုလာခဲ့သည်။

"ကျင်းချန်၊ မမဒီကို မင်းအမေဆုံးပြီးမှ ရောက်ခဲ့တာ..."

"မဟုတ်သေးပါဘူး မမရယ် တစ်ခုခုတော့ကြားထားရမှာပေါ့ ဒီအိမ်မှာ မမတစ်ယောက်ပဲ ကျွန်တော့ကို စိတ်ရင်းနဲ့ဆက်ဆံပေးတာ ကျွန်တော့်ကိုသနားတယ်ဆိုရင် ကျေးဇူးပြုပြီး ပြောပြပေးပါနော်? ဟုတ်ပြီလား?"

New Marriage (Rebirth) {MM translation} PromotionWhere stories live. Discover now