Chapter 02: ပြန်လည်မွေးဖွားခြင်း (အမြည်း)

87 6 0
                                    

Unicode-

(သူက​နောက်ဆုံး​တော့သူ့ရည်ရွယ်ချက်အစစ်အမှန်ကို​ပြောလာပြီ)

"ကျင်းချန်? ကျင်းချန်!"

လီကျင်းချန် သူ၏အိပ်မက်ဆိုးမှနိုးထလာခဲ့သည်။ သူနိုးလာသောအခါ သူ့ကိုခေါ်​နေသူမှာ​ ဝေ့ချွမ်ဖန်းဖြစ်​ကြောင်းကို​တွေ့လိုက်ရသည်။ သူဟာအချိန်ခဏ‌လောက်ထိ ထနိုင်ခြင်းမရှိခဲ့​ပေ။

ဝေ့ချွမ်ဖန်း သည်သူကလေးဘဝကတည်းက ဂရုစိုက်ခဲ့သူပင်။ သို့သော် ၎င်းမတိုင်ခင်အထိ လီကျင်းချန်သည် သူမကို လေးနှစ်ကျော်‌လောက်ထိ
မတွေ့ခဲ့ရ​ပေ။

ဤအကြောင်းကို စစဉ်းစားပြီးနောက်ထထိုင်လိုက်ကာ နောက်တစ်ကြိမ်လှည့်ပတ်ကြည့်လိုက်သည်။ ဟောင်ကောင်ရှိ သူ့အိမ်မှ ကိုယ်ပိုင်အခန်းထဲတွင်ဖြစ်သည်။ အကျွမ်းတဝင်ရှိလှသောပရိဘောဂများနှင့် အပြင်အဆင်ကိုကြည့်၍ လီကျင်းချန် သည်လည်ဂုတ်ကို မသိမသာ ပွတ်နေမိသည်။

နာကျင်မှုရော နူးညံ့‌မှုပါ ရှိမနေခဲ့....
နေပါဦး...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူက သေသွားပြီမဟုတ်ဘူးလား?

"ကျင်းချန် အောက်ဆင်းပြီး ထမင်းစားဖို့ အချိန်ရောက်ပြီ...ပြီး​တော့လေ....."

ဝေ့ချွမ်ဖန်း ကသူ့ကိုလှည့်ကြည့်လာခဲ့ပြီးဆက်​ပြောလာသည်။

"မင်းအဖေ မင်းကို တစ်ခုခုပြောချင် နေပုံပဲ"

"မမဖန်း ဒီနှစ်က ဘယ်နခုနှစ်လဲ?"

"ဒီနှစ်လား...2011​လေ ဘာဖြစ်လို့လဲ?"

ကျင်းချန် ကိုကြည့်ရတာ ဒီ​နေ့တစ်ခုခုမှားယွင်းနေပုံရသည်။ သူ၏အမူအယာသည် တုန်လှုပ်‌နေပြီးသူ၏ကိုယ်ခန္ဓာက​လည်း အေးစက်စက်နိုင်လှသည်။

"သူ အဲ့အ​ကြောင်းကိုသိသွားပြီလား?'

ဝေ့ချွမ်ဖန်း က ကျင်းချန် ကလေးဘဝလေးကတည်းက​နေ ခုအရွယ်‌ရောက်သည်အထိ ပြုစုခဲ့ရသူ။ ဤဤသည်ကိုစဉ်းစားပြီးနောက် သူမအနည်းငယ်ပင်စိတ်သောက မရောက်ဘဲမ‌နေနိုင်ခဲ့။သူမက အိပ်ရာ‌ပေါ်တွင်ထိုင်ပြီး စကားအနည်းငယ်ပြောကာ နှစ်သိမ့်​ပေးမလို လုပ်လိုက်​​ပေမယ့် လီကျင်းချန်က သူ့ကိုမော့ကြည့်လာပြီးဆိုလာသည်။

New Marriage (Rebirth) {MM translation} PromotionWhere stories live. Discover now