[2] Kitty Minnie

575 84 10
                                    

Seoul ကို ပြန်ရမယ့် မနက်ခင်းဖြစ်ပေမယ့် NamJoon တစ်ယောက် အိပ်ယာမှ မနိုးသေးပေ

ပြတင်းပေါက် မှ တစ်ဆင့် ဝင်ရောက်လာတဲ့ နေရောင်ခြည်နွေးနွေး
လေပြေတစ်ချို့ သယ်ဆောင်ခြင်းခံလာရတဲ့ ကျေးငှက်မြည်သံတို့နှင့်အတူ အိပ်မက် ကမ္ဘာငယ်လေးထဲ ပျော်မွေ့နေခဲ့တဲ့ Nam Joon

_ beep beep beep _

ဆက်တိုက်တုန်ခါနေတဲ့ ဖုန်းမှ နိုးစက်သံကြောင့် အပျင်းဆန့်ကာ ကုန်းရုန်းထ လာသည်

နာရီကြည့်မိတော့ ၇ နာရီခွဲ

စောင်အောက်မှာ ဝင်အိပ်နေတဲ့ အကောင်ငယ်လေးကိုတော့
မနိုးသေးပဲ ကိုယ်လက် သန့်ရှင်းရေး လုပ်ဖို့ အရင်ပြင်ဆင်လိုက်တော့သည်

အခန်းထဲ ပြန်ဝင်လာတော့ တွန်းထုတ်ခံထားရတဲ့ စောင်တစ်ချို့
ဟိုကောင်လေး အိပ်ယာမသိမ်းပဲ ထ သွားတယ် ထင်ရဲ့

စောင်တွေကို ဆွဲ သိမ်းရင်း သတိထားမိလိုက်တာက
မနေ့က ဂျီမင်လေး ဝတ်ထားတဲ့ အပေါ်ထပ် အင်္ကျီအဝါလေးပေါ်မှာ ကြောင်ဖြူဖြူလေးတစ်ကောင် အိပ်လို့နေလေရဲ့

အဖွားတို့က ကြောင်မွေးထားတာလား... ?

ကိုယ်ကိုတိုင်က အကောင်လေးတွေကို မုန်းတဲ့ထဲ မပါတာကြောင့် မောင်းမထုတ်မိ
သိုပေမယ့် သူ တက်အိပ်နေတာက ကောင်ငယ်လေးရဲ့ အင်္ကျီပေါ်မှာ
အမွှေးတစ်ချို့ ကပ်မှာစိုးတာကြောင့် ကြောင်လေးကို အသာ ပွေ့ချီချလိုက်မိသည်

အခန်းအပြင်ထွက်ကာ မနက်စား စားပွဲသို့ သွားထိုင်မိတော့
ဂျီမင်လေးကို မတွေ့

" ဂျီမင်လေးရော
ဘယ်သွားလဲ "

" အိပ်နေတယ်မဟုတ်ဘူးလား
ဒီမနက် မမြင်မိသေးဘူး "

အန်တီလေး၏ အဖြေကို သဘောမကျ
ကျနော်ကိုယ်တိုင် အိပ်ယာ သိမ်းခဲ့တာကို
ကောင်လေးက မနိုးသေးဘူးတဲ့

" အဖွား ကြောင်ဖြူလေး တစ်ကောင်
မွေးထားတာလား "

ရေနွေးကြမ်း ပန်းကန်ကိုသာ မော့သောက်နေတဲ့ အဖွားက ည က နဲ့ မတူစွာပဲ စကားတစ်ခွန်းမှ မပြော
တိတ်တဆိတ်သာ နေရင်း ပြုံးနေတယ်

He's My BOO ➹Where stories live. Discover now