[4] Does He Hate Me ?

612 76 18
                                    

မင်ယွန်းဂီက ကျနော့်ကို မချစ်ဘူး
ဒါပေမယ့်............................

* Taehyung ပြန်ပေးလို့ *

စာအုပ်တစ်အုပ်ကို ကိုင်ကာ အတန်းထဲသို့ဝင်လာလိုက် လျှောက်လမ်းတွင် ပြေးလိုက်နဲ့ စနောက်နေတဲ့ ထယ်ယောင်း ကို ဖမ်းမိဖို့အရေးထက် သူလုပြေးသွားတဲ့ စာအုပ်က ပိုအရေးကြီးနေခဲ့သည်

တစ်နေ့တစ်နေ့ မင်ယွန်းဂီကို ဘယ်လိုချစ်ကြောင်းရေးထားသည့် စာအုပ်ဖြစ်နေလို့ပင်

ပြေးရင်းလွှားရင်းမှ အတန်းရှေ့လျှောက်လာသည့် မင်ယွန်းဂီအား အရှိန်ပြင်းစွာဖြင့် ထယ်ယောင်းဝင်တိုက်မိသွားကာ ဖင်ထိုင်ရက်ပြုတ်ကျသွားသည်
လွင့်ပျံသွားတဲ့ စာအုပ်ကိုတော့ မင်ယွန်းဂီက အထာကျကျ ဖမ်းယူထားခဲ့သည်

အနီရောင် အသည်းပုံတစ်ချို့ ပြည့်နှက်နေတဲ့ စာမျက်နှာက ပွင့်ရက်သား

ချက်ချင်းပင် စာအုပ်ဆီ အာရုံရောက်သွားတဲ့ မင်ယွန်းဂီကို တားဖို့ရှေ့သို့ပြေးလာလိုက်ပေမယ့်
သူ၏ လက်တံခပ်ရှည်ရှည်တစ်ခုက ကျနော့်မျက်နှာကို တွန်းထားပြန်သည်

* Yoon Gi Hyg.. မကြည့်ပါနဲ့
ပြန်ပေးပါ *

စာမျက်နှာတစ်ချို့ကို လှန်ကြည့်ပြီးတဲ့အခါ မဲ့ပြုံးတစ်ခုကိုပြုံးရင်း

" ငါ့ကို အဲ့လောက်တောင် သဘောကျလား "

ကြောင်တောင်တောင်နဲ့ကောင်ငယ်လေးဟာ ခေါင်းကို တန်းငြိမ့်သည်

စာအုပ်ကိုသူ့လက်ထဲပြန်ထိုးထည့်ပေးလိုက်ပြီး တွန်းထားတဲ့ လက်ကို ပြန်ရုတ်သိမ်းကာ နံရံဘက်သို့ လက်နှစ်ဖက်ထောက်ရင်း ကောင်ငယ်လေးကို အလန့်တကြားဖြစ်စေဖို့အထိ ရည်ရွယ်လိုက်သည်

ငါးနှစ်သားမျက်နှာနဲ့ကောင်လေးကို စချင်လာတာမို့
မျက်နှာကို သူ့ထံ တဖြည်းဖြည်းနီးကပ်သည်အထိ
ဝင်လေထွက်လေပင် နှာဖျားထိပ်က ခံစားမိသည်အထိ

နီးကပ်စေလိုက်တော့ အူကြောင်ကြောင်ပုံစံလေးဖြင့် မျက်စိကလေးကို အတင်းမှိတ်ထားသည်

He's My BOO ➹Where stories live. Discover now