•UNI•
ထယ်ယောင်းအလုပ်သွားတော့ ဂျောင်ကုကအိမ်မှာ တစ်ယောက်တည်း။ဘာလုပ်ရမှန်းမသိတာကြောင့် TVသာကြည့်နေလိုက်တော့တယ်။
ထယ်ယောင်းအလုပ်ကိုရောက်ပေမဲ့ စိတ်မအေးနိုင်~ဂျောင်ကုအိမ်မှာအဆင်ပြေပါ့မလား ဦးလေးကြီးရှိတာကြောင့်စိတ်ချရပေမဲ့ အခုမှစရောက်တာကြောင့် ပျင်းနေရင်ဘယ်လိုလုပ်မလဲ။
အလုပ်ထဲစိတ်မရောက်ပဲ ထိုင်လိုက် ထလိုက်ဖြစ်နေတဲ့ ထယ်ယောင်းကြောင့် ဟိုဆော့တစ်ယောက် မျက်စိနောက်နေပြီ။ဒီနေ့မှ ဒီကောင်ဘာဖြစ်နေတာလဲ။
"ဆရာ ဆရာ"
"အေး ငါ့ကိုဆရာလို့မခေါ်စမ်းပါနဲ့"
"ဆရာမို့လို့ ဆရာလို့ခေါ်တာပေါ့"
"ထယ်ယောင်းလို့ပဲခေါ်ပါ ငါ့ကိုနေရခက်အောင်မလုပ်နဲ့"
"ဟုတ်ကဲ့ပါ ဘာဖြစ်နေတာလဲထယ်ယောင်း"
"ဟမ် ဘာမှမဖြစ်ပါဘူး"
"တစ်ခုခုကိုဆိုးရိမ်နေသလိုပဲ"
"ဘာမှမဟုတ်ဘူး ဒီနေ့အချိန်ဇယားကဘာလဲ"
"နေ့လည်ကျရင် Meetingတစ်ခုရှိပါတယ် ပြီးရင် Projectအသစ်ကိုစီစစ်ရမှာပါ အဲ့တာပါပဲဆရာ"
"ဟုတ်ပြီ ငါ့ကိုဆရာလို့မခေါ်ပါနဲ့ဆို"
"အလုပ်မှာမို့လို့ပါ"
"ဟူးး ဒါဆိုသူဌေးလို့ပဲခေါ်"
"ဟုတ်ကဲ့ပါဗျ"
"နောက် ဆယ်မိနစ်ဆို meetingစပါပြီသူဌေး"
"ကောင်းပြီ သွားကြတာပေါ့ နောက်ကျလို့မဖြစ်ဘူးလေ"
"ဟုတ်ကဲ့ပါသူဌေး"
ထယ်ယောင်းကအလုပ်လုပ်တဲ့နေရာမှာ စေ့စပ်ပြီး အမှားမရှိအောင်လုပ်သူ ဒါကြောင့်သူ့ projectတိုင်းကအောင်မြင်ပြီး အခုလိုငယ်ငယ်လေးနဲ့နာမည်ကြီးနေရတာ~~
"ရှယ်ယာရှင်တွေလဲစုံပြီဆိုတော့ စလိုက်ကြရအောင်"
"ဒီတစ်ခေါက်ကျွန်တော်တို့ ရေမွှေးထုတ်ကြရအောင် ရေမွှေးကအသက်မရွေးသုံးကြတော့ အရေအသွေးပေါ်မူတည်ပြီး ရောင်းအားကလဲ တိုးမယ်ထင်တယ် ဒါကြောင့်ဒီတစ်ခေါက်projectကတော့ ရေမွှေးပါဗျ အဆင်ပြေကြတယ်မဟုတ်လား"