•UNI•
အခုဆိုရင် ဂျောင်ကု ထယ်ယောင်းအိမ်ရောက်နေတာ 3ပတ်ရှိပြီ။နောက်တစ်ပတ်နေရင် ဂျီမင်းကလဲပြန်ရောက်တော့မှာ~ထယ်ယောင်း ဒါကိုတွေးပြီး စိတ်မအေးနိုင်။
"Baby ကိုယ်ဒီနေ့နောက်ကျမယ်နော်"
"ဟုတ်"
"ဦးလေးကြီး ဟိုပန်းကန်လေးBabyကိုယူပေးပါ"
ထယ်ယောင်းကမနက်စာစားနေတာကြောင့် ဂျောင်ကုကဦးလေးကြီးကိုလှမ်းယူခိုင်းလိုက်တယ်။အလိုက်သိတတ်လွန်းတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာ မပြုံးပဲမနေနိုင်~
"Babyအခြားသူတွေနဲ့ပြောရင် ကျွန်တော်လို့သုံး ကိုယ်နဲ့ပဲBabyလို့သုံစရမှာ"
"ဟုတ်"
"စောင့်မနေနဲ့နော် နောက်ကျမယ် ကိုယ်သွားပြီ"
"ဟုတ်Daddy မွ"
"ချစ်စရာလေးကွာ"
မမှီတမှီနဲ့ထယ်ယောင်းကိုလှမ်းနမ်းတဲ့ Babyဟာ ချစ်စရာအတိပင်~
..........……………
"ဟိုဆော့"
"ဟုတ်ကဲ့ပါ သူဌေး"
"ဒီနေ့တစ်ခွက်လောက်သွားသောက်ရအောင်"
"ဒါဆို ကျွန်တေယ်အမြန်အပြီးဖြတ်ထားလိုက်ပါမယ်"
"အေးအေး"
အရမ်းကြီးညဉ့်မနက်စေချင်တာကြောင့် အလုပ်ကိုမြန်မြန်လုပ်ပြီး ထယ်ယောင်းပိုင်တဲ့barတွေထဲက အကောင်းဆုံးbarကိုသွားကြတယ်။
"ဘာတွေများစိတ်ညစ်စရာရှိလို့လဲ သူဌေး"
"လွတ်လွတ်လပ်လပ်ပြောပါ"
"အေးပါ အခုဘာဖြစ်တာလဲ"
"ဟူးး နောက်အပတ်ဆိုဂျီမင်းပြန်ရောက်တော့မယ်"
"ဒါက၀မ်းသာစရာပဲကို"
"ဟုတ်တယ် ဒါပေမဲ့ ငါBabyကိုပြန်ပေးရတော့မှာလေ"
"ဟားဟား"
ငယ်ငယ်ရွယ်ရွယ်နဲ့ အရာရာမှာထူးချွန်တဲ့ထယ်ယောင်းက ဒီလိုကောင်လေးတစ်ယောက်ကြောင့် စိတ်ညစ်နေတယ်တဲ့လား။ဟိုဆော့ ယုံတောင်မယုံနိုင်ပါ။