🌸Sakura Land-1🌸

879 125 61
                                    

အကယ်၍ သင်ဟာ ဒီ fiction ကို စိတ်ဝင်စားလို့ဖတ်ရင် အေးအေးဆေးဆေး ဖတ်နိုင်ပါသည်။
ဝေဖန်မှုကို လက်ခံသည် ဒါပေမဲ့ ရိုင်းစိုင်းတာကို လက်မခံပါ။ ဆရာလုပ်ခြင်း သည်းခံပါ ။

********

စားသောက်ဆိုင်ကြီးတစ်ဆိုင်၌ ဖြစ်သည်။

" မှာစရာရှိရင် ဒီမှာ menu ပါ "

    " ကျွန်တော့ကို အမေရီကာနို တစ်ခွက်ပဲ ပေးပါ"

" ဟုတ်ကဲ့ ခဏလေး စောင့်ပေးပါနော် "

ဒီဆိုင်က ၀န်ထမ်း လဲသွားလို့ထင်တယ်
အရင်က ၀န်ထမ်းဆို သူလာတာနဲ့ ဘာသောက်မလဲ ကြိုသိပြီးသားမို့ ။

" လူကြီးမင်း မှာထားတာ ရပါပြီ "

" ကျေးဇူးပါ "

  " ကို..လုရီ ပုဇွန်မခွာတတ်ဘူး
ကို..ခွာပေးပါလား "

  " အင်း..ကိုယ်လုပ်ပေးမယ်နော် "

လက်က ကိုင်ထားသော ကော်ဖီခွက်ကို တင်းနေအောင် ရှောင်းကျန့် ဆုပ်ကိုင်ထားမိတယ် ။
ထိုအသံကို မကြားရတာ ဘယ်လောက်တောင် ကြာပြီလဲ ။

လှည့်လိုက်လိုက်တာ တကယ် သူဟုတ်နေတာပဲ ။
ဟက်..အရင်က ကျောက်ပုဇွန်ကို မခွာတတ်လို့ဆိုပြီး ကိုယ့်ကိုလုပ်ခိုင်းတဲ့လူက အခု ကောင်မလေးကိုကျ ၂ခါ ပြန်မပြောဘဲ လုပ်ပေးတယ် ။

ရှောင်းကျန့်က ထိုနေရာမှာ ဆက်မရှိချင်တော့၍ တိတ်တဆိတ်ထွက်သွားဖို့လုပ်သွားသော်လည်း
သူ့ခြေထောက်က ခုန်နဲ့ တိုက်မိတော့ အသံကျယ်သွားတယ် ။
လူတွေက သူ့ကို အားလုံးလှည့်ကြည့်ကြတယ် ။
သူရောအပါပေါ့...
ငါ့ကိုမြင်သွားပြီလား..

" ကို..သူက ဒေါက်တာ ရှောင်းကျန့်မလား "

လုရီက ရှောင်းကျန့်ကို ခနဲ့တဲ့အကြည့်တွေနဲ့ပြောခဲ့တာကို ရှောင်းကျန့်သာ မြင်ပြီး ရိပေါ်မမြင်ဘူး ။
မသိရင် ဖုတ်သရဲမကျနေတာပဲ သူ့ကိုသူ လှတယ်များ ထင်နေလား မသိဘူး ။

" ရှောင်းကျန့် "

ဝမ်ရိပေါ်က ခေါ်ပေမဲ့ ရှောင်းကျန့်က လှည့်တောင်မကြည့် ဂရုမစိုက်ဘဲ ဆိုင်ထဲကနေ ထွက်သွားလိုက်ပြီး ကောင်တာမှာ ကော်ဖီတစ်ခွက်ဖိုး ရှင်းလိုက်တယ် ။

ʟᴏᴠᴇ ᴡɪᴛɴᴇss ғʀᴏᴍ sᴀᴋᴜʀᴀ ʟᴀɴᴅ(ᴢᴀᴡ,ᴜɴɪ)Where stories live. Discover now