🌸Sakura Land-2🌸

684 98 22
                                    

အကယ်၍ သင်ဟာ ဒီ fiction ကို စိတ်ဝင်စားလို့ဖတ်ရင် အေးအေးဆေးဆေး ဖတ်နိုင်ပါသည်။
ဝေဖန်မှုကို လက်ခံသည် ဒါပေမဲ့ ရိုင်းစိုင်းတာကို လက်မခံပါ။ ဆရာလုပ်ခြင်း သည်းခံပါ ။

*********

     " မင်းဘယ်လိုပြောလိုက်တာလဲ ရိပေါ် "

" ဟုတ်တယ် မောင်မလိမ်ပြောဘူး..မောင့်မိဘတွေက မောင့်ကို မိန်းမ အတင်းပေးစားနေတာ..မောင်ကလေ ဒီက ဒေါက်တာလေးမှ မဟုတ်ရင်
ကျန်တာစိတ်မ၀င်စားလို့ "

သူ့ရဲ့ မေးဖျားလေးကို ထိ၍ ပြောလာသူ။

  " ရိပေါ်..မင်းငါ့ကို တကယ်ချစ်တာလား "

" ဘယ်လိုပြောလိုက်တာလဲ..ရှောင်းက မောင့်အချစ်ဦးနဲ့ အချစ်ဆုံးပဲ..မြင်မြင်ချင်းကို ချစ်တာပါ "

  " ok လေ..ငါမင်းပြောသလို လုပ်မယ်.."

ဘာမို့လို့လဲ မသိဘူး.. သူတို့နှစ်ယောက်က မဖြစ်နိုင်မှန်း သိနေရင်တောင်.ရှောင်းကျန့်ရဲ့ မသိစိတ်က ရှေ့တိုးနေမိတယ် ။

မနေ့က ကိစ္စကို တွေးရင်း စိတ်ရှုပ်နေတော့
ဘေးက ဖြတ်သွားသည့် ဆရာမလေးက မေးလာသည်။

  " ဒေါက်တာ ရှောင်း စိတ်ညစ်စရာရှိလို့လား "

" အာ..ဒီလိုပါပဲ..သက်သက်သာသာသွားပါ "

  ရိပေါ်ကို ပေးထားသည့် ကတိကို ပြန်ဖြတ်ချင်၍လည်း မရ ။
သေချာစဉ်းစားကြည့်တော့မှ သူတို့နှစ်ယောက်က အချစ်ကို ကစားနေတာပဲ ။
အကြောင်းကတော့ ရှောင်းကျန့်သာ ရိပေါ်ကို ချစ်မိသွားရင် ဒီပွဲမှာ ရှောင်းကျန့်က ရှုံးပြီး ပြန်မချစ်ခဲ့ရင်တော့ ရိပေါ်ရှုံးလိမ့်မယ် ။
အဲ့ပြိုင်ပွဲပြီးရင်..သူတို့နှစ်ဦးက အေးအေးဆေးဆေးဖြင့် လမ်းခွဲကြမှာဖြစ်ပြီး ဘယ်သူမှဘယ်သူ့ကို မသိကြေး။
challenge ကတော့ အချိန် ၃ လတည်း !
ရှောင်းကျန့် အစက ဘာလို့ ကတိပေးခဲ့လဲဆို.. သူတကယ် ၀မ်ရိပေါ်ကိုမချစ်ကြောင်း သက်သေပြနိုင်အောင်လုပ်ပြီး လက်တွေ့မှာလဲလည်း တကယ်မချစ်မိစေဖို့ challenge မှာ နိုင်ချင်စောနဲ့ ကတိပေးလိုက်မိတယ် ။
အခုကတော့ ထိုကတိကို ပြန်ဖြတ်ချင်သော်လည်း အရင်ဆုံးရှုံးရမှာက သူဖြစ်နေတာမလို့ မရတော့ချေ။

ʟᴏᴠᴇ ᴡɪᴛɴᴇss ғʀᴏᴍ sᴀᴋᴜʀᴀ ʟᴀɴᴅ(ᴢᴀᴡ,ᴜɴɪ)Donde viven las historias. Descúbrelo ahora