အကယ်၍ သင်ဟာ ဒီ fiction ကို စိတ်ဝင်စားလို့ဖတ်ရင် အေးအေးဆေးဆေး ဖတ်နိုင်ပါသည်။
ဝေဖန်မှုကို လက်ခံသည် ဒါပေမဲ့ ရိုင်းစိုင်းတာကို လက်မခံပါ။ ဆရာလုပ်ခြင်း သည်းခံပါ ။.............................
ခင်မင်မှုရင်းနှီးမှုတွေ တိုးတက်လာတော့မှ သူ့မိဘတွေကြောင့် ရှောင်းနဲ့သူ့ကြား ဆက်ဆံရေးက
ပထမတုန်းကလို သူစိမ်းမဆန်သော်ငြား
ရှောင်းက အခုထိ သူ့ကိုမခေါ်ဘူး။
ကိုယ့်ဘက်က သူ့ကို စာပို့ဖို့ ဂရုစိုက်တာတော့ ဘယ်တော့မှ မမေ့ဘူး ။ ချစ်ရသူက ဘယ်လောက်ခေါင်းမာမှန်း ကိုယ်သိရဲ့သားနဲ့ သူ့ကို ချစ်ခဲ့တယ်။ချစ်ရသူလေး ထွက်လာပြီ ။
မနက်စောစောမှာပဲ ရိပေါ်က ရှောင်းရဲ့ တိုက်ခန်းအောက်မှာ ရှောင်းကျန့်အလာကိုစောင့်နေခဲ့တာ။ဂျူတီကုတ်အဖြူရောင်ကို လက်မှာချိတ်ထားပြီး အိတ်လေးတစ်လုံး လွယ်ပြီးထွက်လာတဲ့ ရှောင်းအရှေ့မှာ ရိပေါ် ပိတ်ရပ်လိုက်တယ်။
" ရှောင်း..အလုပ်သွားမလို့လား "
" မမြင်ဘူးလား ? "
" အာ..အဟင်းး.ဆေးရုံသွားမယ်ဆို
..မောင်လိုက်ပ်ို့မယ်.."ထိုအခါမှ ရှောင်းက သူ့ကိုမော့ကြည့်လာ၍
' မ.လို.ဘူး ' ဆိုပြီး တစ်လုံးချင်းစီ ပြောလာသည်။" ငါ့အရှေ့က ဖယ်တော့.ငါပြောတာ မလိုဘူး ရိပေါ်"
" မရဘူး..မောင်တို့ စကားပြောဖို့လိုပြီ "
သူ့ရှေ့က ရပ်ကာ ကန့်လန့်လန့်လုပ်နေသော ရိပေါ်က အမြင်ကပ်စရာကြီး။
ငါဘာဖြစ်နေလဲ မသိသေးလို့ မျက်နှာပြောင်တိုက်နေတာလား ။(A/N ပြောချင်တာက ရှောင်းသူ့ကို စိတ်ကောက်နေတာ ချော့ရကောင်းမှန်းမသိဘဲ မျက်နှာပြောင်နေတာကို ရှောင်းမကြိုက်တာပါ )
" ငါမလိုဘူးဆို! မလိုဘူးပေါ့ ! "
သူ့အိတ်ကို ကားထဲထည့်သွားတဲ့ သူကို အော်ပြောလိုက်လေတော့ ဘေးနားက ဖြတ်သွားတဲ့လူတွေက သူ့ကိုကြည့်ကြကုန်သည်။
ရှောင်းကျန့်လည်း သူ့အိတ်ကိုပြန်ယူဖို့ လုပ်တာမို့ ထိုအခြေအနေက ရုန်းရဲဆန်တဲ့ အနေအထား။
BẠN ĐANG ĐỌC
ʟᴏᴠᴇ ᴡɪᴛɴᴇss ғʀᴏᴍ sᴀᴋᴜʀᴀ ʟᴀɴᴅ(ᴢᴀᴡ,ᴜɴɪ)
Fanfiction𝗕𝗝𝗬𝗫 𝗳𝗮𝗻𝗳𝗶𝗰𝘁𝗶𝗼𝗻 (𝗡𝗼𝘁 𝗭𝗦𝗪𝗪 ) 𝗧𝗼 𝗿𝗲𝘀𝗽𝗲𝗰𝘁 𝗮𝘂𝘁𝗵𝗼𝗿 ,𝘁𝗮𝗸𝗲 𝗰𝗮𝗿𝗲 𝗼𝗳 𝘆𝗼𝘂𝗿 𝗥𝗟𝘀. 𝗧𝗵𝗮𝗻𝗸 𝘆𝗼𝘂 𝗳𝗼𝗿 𝘀𝘂𝗽𝗽𝗼𝗿𝘁𝗶𝗻𝗴 𝗺𝘆 𝘀𝘁𝗼𝗿𝘆. Start Date-Jul26.2021 End Date - Aug 23.2021