မိုးတွေရွာနေတဲ့လမ်းမပေါ်မှာလူတွေပြေးလွှားနေကြတယ် li ကတော့ရှေးဟောင်းပစ္စည်းဆိုင်ဖြစ်တဲ့ li ဆိုင်လေးရဲ့မှန်ဘောင်တွေရှိတဲ့ပြတင်းပေါက်ဘေးမှာထိုင်ပြီး coffe သောက်နေတုန်း
ချလွင်....ချလွင်...
ဆိုင်တံခါးဖွင့်ရင်ခေါင်းလောင်းလေးတွေမြည်သံကြားလို့ကြည့်လိုက်တော့မိန်းကလေးတစ်ယောက် မိုးမိလာတယ်ထင်တယ်သူ့ခေါင်းပေါ်ကရေတွေကိုခါနေတယ် မိန်းကလေးပုံစံကြည့်ရတာဒီလောက်မိုးအေးနေတာတောင်ပေါင်တိုလောက်ရှိတဲ့ဘောင်းဘီနဲ့အေးနေပုံပင် ဒါပေမယ့် li လည်းliနဲ့မဆိုင်သည်မို့ coffee သာပြန်သောက်နေလိုက်တယ်
coffee သောက်နေရင်း
Jen-" ဟေ့ ဒီမှာလူတစ်ယောက်လုံးဝင်လာတာမမြင်ဘူးလား "
Li-" မြင်တယ်လေ "
Jen=" ဟာ မြင်ရဲ့သားနဲ့ဘာကြည့်တာလည်း "
Li-" ငါကဘာလုပ်ရမှာလည်းအဲတာဆို "
Jen=" တော်တော်ကပ်သီးကပ်ဖဲ့နိုင်တဲ့လူကြီးဘဲ ဒါနဲ့ ဒီဆိုင်ရှင်ဘယ်မှာလည်း"
Li-" မင်းအရှေ့မှာထိုင်နေတဲ့ငါက ဒီဆိုင်ပိုင်ရှင်ဘဲ "
Jen-" ဟုတ်လား 😁😁 "
အဲ့တော့မှအဲ့မိန်းကလေးကစပ်ဖြီးဖြီးနဲ့
Jen- " ရှေးဟောင်းပစ္စည်းရောင်းချင်လို့"
သူလွယ်အိတ်ထဲကထုတ်လာတဲ့ပစ္စည်းကိုကိုင်ကြည့်လိုက်တော့ ရှားပါးပစ္စည်းပင် သူ့အရွယ်လေးနဲ့မှမလိုက်ဘယ်ကရလာတာလည်း
Li-" ဟေ့ မင်းဒါကိုဘယ်ကရလာတာလည်း ဒါကရှားပါးပစ္စည်းနော် မင်းရိုးရိုးသားသားရောဟုတ်ရဲ့လား "
Jen-" ဘာ.... ဒီမယ် ဒီရုပ်ကိုဘာမှတ်နေလည်း ဒါဘိုးဘွားပိုင်ပစ္စည်းနော် အိမ်မှာထားတာအပိုဘဲမို့လိုနေတုန်းယူလာရောင်းတာ ဘာလည်းမဝယ်ဘူးလား ပေးပြန်မယ်တခြားနေရာမှာသွားရောင်းမယ် "
Li-" ဟေ့..ဟေ့...အဲ့လိုမဟုတ်ဘူး ငါဝယ်မယ် မင်းကိုကြည့်ရတာအသက်မပြည့်သေးတဲ့ပုံမို့လို့ "
Jen-" လူကိုများအသက်မပြည့်ဘူးလေးဘာလေးနဲ့ အသက်18ပြည့်ပြီးပြီသိလား တက္ကသိုလ်တောင်တက်နေပြီလူကိုဘာမှတ် "
Li-" ဟုတ်ပါပြီကွာ ပြောဒီရှေးဟောင်းပစ္စည်းအတွက်မင်းဘယ်လောက်လိုချင်လည်း "
Jen=" ဝမ်နှစ်သောင်း "
Li-" ဘာများလှချည်လား မင်းရှားပါးပစ္စည်းဆိုပြီးနော်စျေးလာမတင်နဲ့ "
Jen=" ဟေ့ဒီမှာပိုက်ဆံလိုနေလို့လာရောင်းတာ လုပ်ပါနော် "
Li-" ဟူးးး ဝမ်နှစ်သောင်းမဟုတ်လား ရော့..ရော့.ယူသွား "
မျက်နှာငယ်နဲ့လုပ်ပြနေတဲ့အရှေ့ကချာတိတ်ကို သူ့သဘောအတိုင်းလုပ်ပေးလိုက်တယ်
Jen=" လူကြီးကအရမ်းလိမ်မာတာဘဲ ဒါဆိုသွားပြီနော် "
နှုတ်ဆက်ပြီးထွက်သွားတဲ့ချာတိတ်ထားခဲ့တဲ့ရှေးဟောင်းပစ္စည်းကိုအရောင်သေချာပြန်တင်ပြီးသန့်ရှင်းဖို့ဝန်ထမ်းကောင်လေးကိုလွှဲပေးလိုက််တယ် ပေးပြီးတာကွန်ဒိကိုသာဆိုင်ကယ်စီးပြီးပြန်ခဲ့လိုက်တယ် li နေ့ရက်တွေကပုံမှန်ပါဘဲ မနက်မိုးလင်းရင် ပြင်ဆင်ပြီးဆိုင်သွားတယ်ဆိုင်ထိုင်တယ် ပြီးရင်တော့ပုံမှန်ဘဲအိမ်ပြန်လာတယ် li ကဘဝကိုရိုးရိုးရှင်းရှင်းနေရတာဘဲကြိုက်တယ် အဲတာကြောင့်အိမ်နဲ့ခွဲထွက်ပြီးတစ်ယောက်တည်းနေတာ ရှင်းရှင်းပြောရရင် Li က Monoban မျိုးရိုးရဲ့နောက်ဆုံးဆက်ခံသူပေါ့ ဒါပေမယ့် li အဲ့တာတွေကိုမမက်မောဘူး li ကရိုးရှင်းတဲ့ဘဝလေးကိုဘဲလိုချင်တာ li ခုနှစ်နှစ်သားမှာomma ဆုံးသွားတယ် အဲ့တာပြီးတော့ li အသက်12ရောက်တော့ appa ကနောက်အိမ်ထောင်ပြုခဲ့တယ် li ဘာမှမပြောခဲ့ပါဘူး ဒါပေမယ့် အဲ့အမျိုးသမီးကအမြဲ li ကိုဆိုပွစိပွစိနဲ့ အိမ်မပြန်လာလို့အမြဲပြောတယ်၊appa ကုမ္ပဏီမှာအလုပ်လာမလုပ်လို့ပွစိပွစိလုပ်တယ်၊ ပြီးတော့အခုလိုရိုးရိုး သာမန်နေလို့တဲ့လေ ကိုယ့်ဂုဏ်နဲ့ကိုယ်နေရမယ်တဲ့ li မှအဲ့လိုမျိုးတွေကိုသဘောမကျတာ li ပျော်တဲ့ဘဝမှာဘဲနေတယ် li သဘောကျတဲ့ရှေးဟောင်းပစ္စည်းတွေကိုစုပြီးဆိုင်ဖွင့်ထားတာအတော်အသင့်အဆင်ပြေတယ် အဲ့တာကြောင့် li ကျေနပ်ရတယ် li အသက်ကအခုနှစ်ဆယ်ပြည့်ပြီးပြီကျောင်းလည်းပြီးသွားပြီပေါ့ li ဘဝကအေးအေးဆေးဆေးပါဘဲ ဘာကိစ္စတွေမှလည်းမရှိခဲ့ဘူး....။#story-1
#ပထမဆုံးပိုင်းဆိုတော့နည်းနည်းတိုမယ်နော်😁😁 li အကြောင်းအရာကိုပြောသွားတာပါ ခနလောက်သီးခံပြီးစောင့်ပေးလို့ကျေးဇူးပါ ပုံမှန်တင်ပေးပါမယ်နော်😉
YOU ARE READING
'Please don't leave me baby'
Historical Fictionမူရင်းရေးတဲ့ဆရာမကိုcrdပေးပါတယ်နော်ပုံစံတွေနည်းနည်းပြောင်းထားမှာပါ"ဆူးခက်တွေပြန်နေကြလမ်းပေါ်"ဆိုတဲ့ဝတ္ထုကိုjenlisa ver နဲ့ပုံစံပြောင်းပြီးရေးခြင်းဖြစ်ပါတယ် 🙏အရမ်းကြိုက်လို့ရေးခြင်းပါ ပြောင်းရေးထားတာများပါတယ်