Liတို့ထွက်သွားတာနဲ့jenမှာဂနာမငြိမ်မိ somiဆိုတဲ့တစ်ယောက်နဲ့liအကြောင်းကိုသာစဥ်းစားနေခဲ့တယ် သူတို့ကဘာတွေလည်း သူငယ်ချင်းတွေကအဲ့လောက်ထိဖက်နေစရာလိုလား၊ အသားချင်းထိနေစရာလိုသလား ၊ lalisaဆိုတဲ့လူကလည်း ငါနဲ့ကျဘယ်တော့မှအဲ့လိုပြုံးရယ်ပြီးစကားမပြောဘူး အဲ့somiဆိုတဲ့အမျိုးသမီးကျပြောတယ် သူတိူ့ကဘာတွေလည်း ရူးချင်တော့တာဘဲ li appa အိမ့ကိုသူတိူ့နှစ်ယောက်ကသားတွေနဲ့သွားတယ် ကျစ် ဒေါသထွက်လွန်းလို့ဘာမှမစားနိုင်စာကြည့်ခန်းမှာသာထိုင်ပြီးကြည့်နေမိတယ် ညကျမှပြန်လာမယ်ဆိူပေမယ့် အိမ်အပြန်လာကိုjenစောင့်နေခဲ့တယ် ဒေါသတွေဟာလည်းအတားအဆီးမဲ့ပေါ့
"Jenပြောထားလို့jenအနားလာတိုင်းမောင်းထုတ်ခံနေရလို့ခခယယစကားလိုက်ပြောလည်း jenအမြဲမောင်းထုတ်နေတာကြောင့်ရော DNAစစ်တဲ့ကိစ္စပြီးကတည်းက liသူ့အနားကိုမလာပါဘူးဆိူတဲ့ကတိပေးခဲ့တာတွေ သူမလာနဲ့လိုပြောခဲ့တာတွေကို jenမေ့နေခဲ့ပြီး somiနဲ့စကားကိုရယ်မောပြီးပြောနေတာကိုဒေါသထွက်နေတဲ့ jenကသူ့ကြောင့်မပြောတော့တာဆိုတာကိုသူမေ့နေခဲ့ပါတယ် liရယ်စရာတွေပြောပြတိုင်းအမြဲခက်ထန်နေတဲ့သူ့ကြောင့်liအမြဲမျက်နှာညိုးငယ်နေခဲ့ရတယ်ဆိုတာလည်းjenမသိခဲ့ပါဘူး"
At li's side
Liတို့appaအိမ်ရောက်တော့ appaကသူ့မြေးလေးတွေကိုလက်ကနေကိုမချတော့ပါဘူး အန်တီလည်းပါတာပေါ့မြေးလေးတွေဆိုပြီးချစ်နေကြတာ တစ်ခါတစ်လေကျအားနာမိတယ် ကလေးနှစ်ယောက်လုံးကliသွေးသားမှမပါခဲ့တာ somiကတော့ရေပတ်မဝင်အောင်စကားတွေပြောပြီး အစားကိုလည်းစားသောက်နေတာAmericaမှာလာမှမစားခဲ့ရတဲ့အတိုင်းဘဲတကယ်မလွယ်ဘူး li တို့လည်းသေချာနေခဲ့ပြီးညရောက်တော့အိမ်ပြန်ချိန်တန်ပြီမို့အိမ်ပြန်ခဲ့ရတယ် အိမ်ရောက်တော့somiကသူ့ကားသူယူပြီးပြန်တော့တယ်သေချာပြန်ဖို့မှာရသေးတယ် အိပ်ပျော်နေတဲ့သားတွေကိုချီပြီးအိမ်ထဲဝင်လာတော့
Arjima-" liလေး jenလေးကလေ မနက်ကliလေးတို့ထွက်သွားကတည်းကဒေါသထွက်နေတဲ့ပုံဘဲတစ်နေကုန်စာကြည့်ခန်းထဲဘဲဝင်နေနေတယ် မနက်စာလည်းမစားရသေးဘူးတစ်နေကုန်ကိုဘာမှမစားရသေးတာ "
Liစိုးရိမ်သွားသည်နေမကောင်းများဖြစ်နေတာ
Li-" li ခနနေကျရင်သားလေးတွေကိုသိပ်ပေးပြီးပြန်ဆင်းလာမယ်နွားနိုးပူပူလေးနဲ့ကွတ်ကီးတွေကိုဗန်းနဲ့ပြင်ပေးထားပါ "
Arhima-" ကောင်းပီနော်arjimaလုပ်ထားပေးမယ်"
Li-" nae arjima "
Li လည်းသားတွေကိုသေချာသိပ်ကာအကျီလဲပြီး arjimaဆီကနွားနို့နဲ့ကွတ်ကီးဗန်းကိုယူပြီးjenရဲ့စာကြည်ခန်းထဲကိုဝင်ခဲ့တယ် li ဝင်လာတော့ jenကliကိုစူးစိုက်စွာကြည့်လာတယ်
At jen's side
Jenတစ်နေကုန်လုံးမှန်တွေကာထားတဲ့နံရံကနေခြံထဲကိုကြည့်နေမိတယ် ညရောက်တော့မှအိမ်ထဲကိုliတို့ကားဝင်လာပြီး liကဟိုတစ်ယောက်ပြန်ခါနီးမှာဘာတွေပြောနေပြန်လည်းမသိနှစ်ယောက်သားရယ်မောနေတာဘဲ ခနနေတော့liကအိမ်ထဲဝင်လာတယ်jenလည်းဝိုင်ခွက်ကိုကိုင်ကာဘာမှမတွေးဘဲဝိုင်သာသောက်နေမိတယ် ခနနေတော့အခန်းထဲကိုliကဝင်လာတယ်
Jen=" ဘာလာလုပ်တာလည်း "
Jenရဲ့အေးဆက်ဆက်မေးခွန်းကြောင့် စိတ်အားငယ်မိပေမယ့် အခုချိန်မှာjenကဘာမှမစားရသေးဘူးမဟုတ်လား
Li-" ဘာမှမစားရသေးဘူးမဟုတ်လား "
Jenအမေးကိုလစ်လျှူရှုပြီးjenရဲ့စားပွဲပေါ်ကိုယူလာတဲ့ဗန်းကိုသေချာတင်ပြီးနို့ခွက်တွေကွတ်ကီးခွက်တွေကိုချပေးနေတယ်
Jen-" အခုချက်ချင်းပြန်ယူသွားအဲတာတွေကို "
Li-" မနက်ကတည်းကဘာမှမစားရသေးဘူးဆိုတစ်ခုခုစားလိုက်ပါပြီးတော့အဲ့ဝိုင်လည်းမသောက်ပါနဲ့တော့ အစာအိမ်ထိခိုက်နေမယ်"
Jen-" လာဟန်ဆောင်ပြမနေစမ်းပါနဲ့ အခုချက်ချင်းအဲ့တာတွေပြန်ယူသွား "
Jenအော်ပေမယ့်လည်းသူကတော့jenကိုစားဖို့ပြောနေဆဲ
Li-" စားလိုက်ပါဗိုက်အောင့်နေမယ် နေမကောင်းဖြစ်သွားရင်ဆေးတွေသောက်နေရလိမ့်မယ် "
Jen-" ရှင်တော်တော်လျှာရှည်ပါလား ရှင်ယူလာသမျှဘာမှမစားချင်ဘူး...."
Li-" jen..."
Jen-" နားမလည်သေးဘူးလား ...ကဲဟာ..."
ပြောပြီးစားပွဲပေါ်ကနွားနို့ခွက်နဲ့ကွတ်ကီးပန်းကန်ကိုတွန်းဖယ်လိုက်တယ်အောက်ကျသွားတဲ့အရှိန်ကြောင့်ဖန်စတွေဟာတစ်စစီပြန်ကျဲကုန်တယ်
ကျသွားတဲ့ဖန်စတွေကိုliကဒူးထောက်ပြီးသေချာပြန်ယူကာဗန်းထဲထည့်နေတယ်
Li-" အ.....အာ...ကျစ် "
သူ့လက်ထဲဖန်စစိုက်သွားတာတောင်ဖန်စတွေကိုဆက်ကောက်နေတုန်းဘဲ အဲ့အချိန် arjima ဝင်လာပြီး
Arjima=" li သား ဘာလုပ်နေတာလည်းလက်မှာလည်းသွေးတွေနဲ့ထထ Maidတွေဒီနေရာကိုသန့်ရှင်းရေးလာလုပ်စမ်း "
Li-" ရတယ်arjima li သွားတော့မယ် "
Arjima-" သားရရဲ့လားလက်မှာသွေးတွေ "
Li-" ရတယ် arjima li ဘာသာထည့်လိုက်မယ် "
ပြောပြီးအခန်းကိုပြန်ကာအသံတိတ်ငိုနေမိတယ်
Li-"ကိုယ့်ကိုအဲ့လောက်တောင်မုန်းနေတာလားjenရယ် နည်းနည်းလေးဖြစ်ဖြစ်တစ်ထစ်လောက်ဘဲ ကိုယ့်အပေါ်ထားတဲ့ မာန်မာနတွေကိုတစ်ထစ်လောက်တောင်မလျော့ကချပေးပါလားကွာ ကိုယ့်အပစ်တွေပါ မလိုချင်မှန်းသိတာချင်အနားမှာတွယ်ကပ်နေမိတာ တောင်းပန်ပါတယ် ကိုယ်jenမရှိလို့မဖြစ်ဘူး..jenသိရင်ကောင်းမယ် ကိုယ်ဘုပ်နေတာတွေကဟန်ဆောင်နေတာမဟုတ်ခဲ့ပါဘူးjenကိုတကယ်ချစ်တာပါကွာ..."
တဖက်ကjenမှာလည်းသူ့အခန်းထဲသူပြန်လာခဲ့ပြီးမျက်ရည်တွေနဲ့သာအိပ်စက်ခဲ့တယ်....။
ချစ်ရက်သားနဲ့လက်စားချေဖို့အတွက်အနာကျင်ခံပြီးရွေးချယ်ခဲ့တဲ့လမ်းမှာ နှစ်ယောက်လုံးရဲ့နှလုံးသားဟာနာကျင်နေခဲ့ရပါတယ် နောင်တတွေရမယ့်လူကဘယ်သူမှန်းတော့ကံကြမ္မာကမဆုံးဖြတ်ရသေးခင်ပေါ့.....။
#story-18(end )
YOU ARE READING
'Please don't leave me baby'
Historical Fictionမူရင်းရေးတဲ့ဆရာမကိုcrdပေးပါတယ်နော်ပုံစံတွေနည်းနည်းပြောင်းထားမှာပါ"ဆူးခက်တွေပြန်နေကြလမ်းပေါ်"ဆိုတဲ့ဝတ္ထုကိုjenlisa ver နဲ့ပုံစံပြောင်းပြီးရေးခြင်းဖြစ်ပါတယ် 🙏အရမ်းကြိုက်လို့ရေးခြင်းပါ ပြောင်းရေးထားတာများပါတယ်