အခန်း (၂)

224 31 5
                                    

ပြောင်းပြန်ဖြစ်သွားသောမြင်ကွင်း

Jiang Yin ကမရှက်သွားဘူး ။ အဲ့ဒီအစားသူက
"အို ဒီလိုမျိုးလား " ဆိုတဲ့အမူအရာနှင့်ရိုးသွားပွင့်လင်းစွာပဲပြုံးပြလိုက်တယ် "ငါ့ရဲ့sixth sense ကဘယ်တုန်းကမှမမှန်ဖူးဘူး "


အဲ့ဒီအချိန်စင်ပေါ်မှာတော့ ဇာက်လိုက်မင်းသမီးက
microphone အား  Zhou Ziheng, ရှိရာသို့ပေးလိုက်​တယ် ပြီးတော့ host က ရုပ်ရှင်အကြောင်း
မေးခွန်းတွေကိုအနည်းငယ်စမေးတော့တာပဲ ။

"အခု ငါတို့ ရုပ်ရှင်အကြိုပွဲမှာ တစ်ချို့ဇာတ်ဝင်ခန်းတွေမြင်လိုက်ရတယ်ပေါ့နော် . Ziheng, မင်းရဲ့ဒီတစ်ခေါက်ကျော်လွှားခဲ့ရတဲ့အခက်အခဲကအရမ်းကိုကြီးမားလွန်းတယ် ။
စစမြင်တုန်းကငါတောင်မင်းကိုလုံးဝမမှတ်မိတော့မလို့ ။ငါတို့အားလုံးသိချင်တာလေးတစ်ခုရှိတယ်
မင်းဒီရုပ်ရှင်ရိုက်တုန်းက မင်းကိုအထူးတလည်နက်နက်ရှိုင်းရှိုင်းခံစားမှုရသကိုပေးတဲ့အရာတွေဘာတွေများရှိခဲ့မလားလို့ "

Zhou Ziheng က   microphone ကိုင်ထားလျှက် အချိန်အနည်းငယ်မျှအကြာမှာတော့ပြန်ဖြေတယ် , " ခံစားမှုရသအကြောင်းပြောနေတာဆိုရင် ငါနှစ်ဝက်လောက် ငါးရောပုစွန်ရောမစားချင်တော့ဘူး "

လူအုပ်ထဲရှိဖန်များအကုန်လုံးရယ်မိ​၏
ဒီလိုမျိုးရုပ်တည်ကြီးနဲ့အေးစက်စက် ဟာသက တစ်မျိုးဆန်စွာပဲသူနဲ့အတော်လိုက်ဖက်တယ် ။

"ဘာက ငါ့ကို နက်နက်ရှိုင်းရှိုင်းခံစားရစေတာလဲဆို
တော့ ..... တကယ်တော့ဒီရုပ်ရှင်ရိုက်နေတဲ့ အချိန်တုန်းမှာငါ့ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးမိတယ် ။
အမှန်အတိုင်းပြောရရင် ဒါဟာငါရဲ့ပထမဆုံး အခုမှသရုပ်ဆောင်ဖူးတဲ့ theme မျိုး  Director Wang က OCD  ( obsessive-compulsive disorder  ပါ double check လုပ်သလိုမျိုး result ကိုမကျေနပ်တာပေါ့နော် ဟုတ်ရဲ့လား သေချာရဲ့လား အဲ့လိုမျိုး )
သူက တကယ့်ရိုက်ကွင်းပုံစံreal scenes, တွေကို
အသုံးပြုရတာကြိုက်တယ် ၊ studio ထဲမှာရိုက်ရတာထက်စာရင် ။ ဒီကားရဲ့ ၈၀% လုံးကိုလှေပေါ်မှာပဲရိုက်ကူးခဲ့တာ ။ အစတုန်းက ငါ့ရဲ့ လှိုင်းမူးတဲ့ဒဏ်
ကအရမ်းပြင်းထန်တယ် ။  အချိန်အတော်ကြာကြာကို နေသားမကျနိုင်ဘူး ။ရိုက်ကူးရေးတစ်ဖွဲ့လုံးက အရမ်းပင်ပန်းပြီး စိတ်ဓာတ်တွေပါကျနေပြီ ။ ငါ ကမ္ဘာကြီးထဲမှာရှိနေတဲ့တစ်ချို့လူတွေရဲ့တည်ရှိမှုကိုတွေးမိသွားတယ် သူတို့ရဲ့ကင်းမဲ့နေတဲ့ human right တွေ ပြီးတော့ အတင်းအကြပ်အလုပ်သမားအစေခံဖြစ်လာရတာမျိုးတွေ ငါအရမ်း ..." Zhou Ziheng ဟာခဏမျှအကြာအောင် စကားလုံးရှာယူနေမိတယ်
"နာကျင်မှု ဟုတ်တယ် ဘယ်လိုပြောရမလဲ အဲ့လိုခံစားမှုမျိုးဖြစ်နိုင်တယ် အဲ့တာကငါ့ကို အားတင်းထားစေပြီးအားပေးခဲ့တာ အံ့ကိုကြိတ်ပြီး ရိုက်ခဲ့ရတယ် staff တွေအကုန်လုံးနဲ့ သရုပ်ဆောင်တွေအကုန်လုံးဒီလိုပဲခံစားရမယ်လို့ ငါထင်တယ် "

I Only Like Your Character Settings (MM translation)Where stories live. Discover now