အခန်း(၃) ပုန်ကန်သူအဖြစ်မွေးဖွားလာခြင်း
(Zawgyi မေ့လို့တဖန်ပြန်ထည့် btw Unicode သုံးသင့်ပြီနော် အချစ်ကလေးတို့😭🤏🏻)သူဆီကိုချဉ်းကပ်လာတဲ့ ထိုငနဲသားက အချိန်အတော်ကြာအောင်ဆွံ,အလို့သွားတယ် ။
Xia Xiqing ကလည်းတချက်လေးတောင်မှအဖက်လုပ်မနေဘူး သူ့ရဲ့ဝတ်စုံကိုသာ သေချာပြန်ပြင်ပြီး နောက်လှည့်ကြည့်မနေတော့ဘဲ ထွက်သွားလိုက်တယ် ။သူက အဲ့လို သဘောကောင်းတဲ့ လူမျိုး ။ တခြားသူရဲ့ ပူစီဖောင်းလိုမျိုး self-confidence ကိုမဖျတ်စီးစေဘဲ သူကိုလည်းထပ်အာရုံမနောက်စေတော့ဘူး ။
Xia Xiqing တဖက်လမ်းသို့လျှောက်သွားပြီး taxi ငှားလိုက်တယ်အိမ်ပြန်လမ်းမှာ Xia Xiqing က Weibo post ကိုပဲဆက်ကြည့်နေမိတယ် ။ အဲ့ဒီ video က film official blog ကနေတင်ထားတာ ။ netizens တွေကလည်း ထုံးစံအတိုင်း အပီအပြင်ကိုဆွေးနွေးနေတာဖြစ်တယ် ။
သို့သော်လည်းပဲ သူ ဒီ event ရဲ့စင်နောက်ကွယ်မှာတာတော့ ဒီထက်ပိုကြီးတဲ့တခြားအကြံအဖန်တစ်ခုရှိမယ်လို့ သူခံစားနေမိတယ် ။
တစ်ယောက်ယောက်က ဒီအခွင့်အရေးကိုယူပြီး
hype ဖြစ်သွားအောင်လုပ်လိုက်တာ ။
အဲ့တာကိုတွေးမိလိုက်တော့ သူသိပ်မပျော်တော့ဘူး ။ သူရဲ့ ယာယီခဏငှားထားတဲ့ တိုက်ခန်းကို သာ ပြန်လာခဲ့တယ် ။ အိမ်ရောက်တော့ သူရေပူပူလေးနဲ့ချိုးလိုက်တယ် ပြီးနောက်မှာတော့ အိပ်ယာပေါ်မှာပဲ သူအိပ်ပျော်သွားတယ် ။သေချာတာပါ့ နောက်နေ့ နေ့လည်လောက်ထိအိပ်နေတဲ့ Xia Xiqing, ဟာ သူရဲ့ mobile phone ကို silent mode လုပ်ထားပြီး အခါ ၄၀ ထက်မနည်းခေါ်ထားတဲ့ ဖုန်းကိုရှာဖွေနေရင်းနဲ့သူနိုးထလာတာဖြစ်တယ် ။ သူလှန်လှောကြည့်နေလိုက်တယ် ။
နှစ်သစ်ကူးမှာတောင် ဖုန်းခေါ်ဆိုခြင်းမရှိတဲ့သူ့ရဲ့ မိဘတွေကတောင် သူ့ကိုဖုန်းတွေခေါ်ထားတယ် ။ယခုအချိန်မှာတော့ သူတော်တော်လေးကျေနပ်နေတာဖြစ်တယ် ။ သူကအခုအရမ်း popular ဖြစ်နေတာ လူတိုင်းရဲ့မြင်ကွင်းမှာ သူရှိနေတာဖြစ်ပြီး မမြင်ချင်ရင်တောင် တွေ့နေရမှာဖြစ်တယ် ။ သူ့အဖေလည်းအပါပေါ့ သူ့ကိုဂရုမစိုက်တဲ့အဖေရယ် ပြီးတော့ သူ့ကိုအရိုးထဲထိအောင်မုန်းတဲ့ မွေးစားအမေရယ် ။
သူတို့နဲ့မတွေ့ရဘဲ ဒေါသပုန်ထအောင်လုပ်နိုင်တဲ့အတွက်ကြောင့် သူစိတ်ပျော်ရွှင်နေမိတယ် အဲ့တာက သူ့အတွက်တော့ ကောင်းမွန်တဲ့အရာတစ်ခုပဲ ။
YOU ARE READING
I Only Like Your Character Settings (MM translation)
RomanceAuthor Zhìchǔ 稚楚 94 Chapters + 24 Extras Associated Names Renshe Rose & Renaissance 我只喜欢你的人设[娱乐圈] 我只喜歡你的人設[娛樂圈] Myanmar translation