"Ouch!" လမ်းလျှောက်နေရင်း လူတစ်ယောက်ကိုတိုက်မိသွားတယ်။ သူဘယ်လောက်တောင် သတိလတ်လွတ်ဖြစ်နေတာလဲ; လူတစ်ယောက်လုံးတောင်မမြင်ဘူးဆိုတော့
သူထိုလူကိုကြည့်လိုက်ပြီး ဦးညွှတ်ခင် အလေးပြုလိုက်တယ်; သူတိုက်မိတဲ့သူက စစ်သားတစ်ယောက်ဖြစ်နေလို့ပါ
"Sir ကျွန်တော်တောင်းပန်ပါတယ်"
သူထွက်သွားဖို့ခြေလှမ်းလိုက်ပေမဲ့ စစ်သားကအနောက်ကနေ-
"Excuse me, မင်းဘယ်သူလဲ?" မေးလိုက်ပီး
"ကျွန်တော်က ဒီကကျောင်းသားတစ်ယောက်ပါ, sir" သူပြောလိုက်တော့ စစ်သားကသူ့သေနတ်ကို ထုတ်လိုက်တယ်
ထယ်ယောင်းနှလုံးခုန်နှုံးတွေမြန်လာတယ်
"ကျောင်းသား? မင်းမှာတခြားအဓိပ္ပာယ်ရှိတဲ့ ဆင်ခြင်မျိုးမရှိဘူးလား"
"ဘာ- ဘာကိုလဲ? ကျွန်တော်ဒီကကျောင်းသားပါ။ ခင်ဗျား ဘာတွေပြောနေတာလဲ?"
သူမေးလိုက်ပီး စစ်သားကသူ့ရဲ့သေနတ်ကိုထုတ်ပီးထယ်ယောင်းကို ချိန်လိုက်တယ်
"မင်းမလှုပ်နဲ့" ထယ်သူ့လက်နှစ်ဖက်ကို အရှုံးပေးတဲ့ပုံနဲ့ မြှောက်လိုက်တယ်
သူ့ကိုယ်တွေ တောင့်တင်းသွားပြီး စိတ်တွေလှုပ်ရှားနေတယ်
စစ်သားကသူ့စကားပြောစက်ကိုထုတ်လိုက်ပီး ထယ်ကိုသေချာစောင့်ကြည့်ရင်းပြောလိုက်တယ်"Hello, Private First Class Jung Jae In ပါ. အခုဒီမှာပုန်းနေတဲ့ spy တစ်ယောက်တွေ့ထားလို့ပါ"
ထယ်မျက်လုံးတွေပြူးသွားပီး "ဘာ?! ငါက spy မဟုတ်ဘူး-!" သူစကားမဆုံးသေးဘူး စစ်သားသေနတ်နဲ့ချိန်လိုက်တော့ သူပါးစပ်ပိတ်သွားတယ်။"တတိယထပ်,ဘယ်ဘက်hallway မှာ သူထူးဆန်တဲ့အဝတ်တွေဝတ်ထားတယ် ဘယ်လိုပုံစံလည်းဆိုတာတော့မပြောတတ်ဘူး။ backup တွေပါခေါ်ခဲ့ပါ"
သူ့စကားပြောစက်ကိုချလိုက်ပီး သေနတ်ကိုလက်နှစ်ဖက်နဲ့ကိုင်ထားတယ်
"Sir, ကျွန်-ကျွန်တော် ကျိန်ဆိုကျိန်ရဲပါတယ် ကျွန်တော် spy မဟုတ်မဟုတ်ပါဘူး ကျောင်းသားတစ်ယောက်သက်သက်ပါ"
"မင်းဆင်ခြင်တွေကိုစုံစမ်းရေးခန်းထဲ ရောက်မှပြောဖို့သိမ်းထားလိုက်"
ထယ် ပါးစပ်အဟောင်းသားဖြစ်သွားတယ်"စုံစမ်ရေးခန်း?! ခဗျားတစ်ကယ်ပြောနေတာလား?!"
စစ်သားထံက ဘာဖြေသံမှမကြားရဘဲ သူထယ့်ကို သေနတ်နဲ့ချိန်ထားပီး ဖြေးဖြေးချင်းကပ်လာတယ်

YOU ARE READING
Since 1894 (MM translation)
FanfictionThis story is not mine. The story is written by @ARTSEOULVK on Twitter. This is just translation work by @me.