"yarr ParkChaeYoung နင်မထသေးဘူးလား ကျောင်းနောက်ကျနေပြီအရူးမရဲ့""Lalisa နင်ညင်ညင်သာသာလေးများတစ်ခါလောက်မနှိုးတတ်ဘူးလား"
"ငါညင်ညင်သာသာနှိုးရင်လေနင်ကဖင်ကြားတောင်မညှပ်ဘူး ခုလိုနှိုးတာတောင်ထချင်တာမဟုတ်ဘူး"
"နင်ကအဒေါ်ကြီးကျနေတာပဲ တော်တော်နားညီးတယ် တော်ပြီရေသွားချိုးတော့မယ်"
အိပ်ယာထစဆံပင်စုပ်ဖွားလေးနဲ့တောင်ချစ်စရာကောင်းနေတဲ့Chaeကိုကြည့်ပြီးlisaခိုးပြုံးမိတယ်။Lisaကအမြဲအဲ့လိုပဲ Chaeအပေါ်ထားတဲ့သူမရဲ့စိတ်ရင်းမှန်ကိုဘယ်တော့မှထုတ်ပြတတ်သူမဟုတ်။မနက်တိုင်းအိပ်ယာထပျင်းတဲ့Chaeကိုလာပြီးနှိုးဖို့ကlisaရဲ့တာဝန်။နေ့တိုင်းနေ့တိုင်းရန်ဖြစ်သံလေးတွေစီစီညံနေတဲ့နံနက်ခင်းကသူမတို့နှစ်ယောက်ရဲ့စတင်မှု။ParkChaeYoung နင့်ကိုနောက်နေ့ကျလာမခေါ်တော့ဘူးလို့ lisaကစိတ်ဆိုးတိုင်းပြောလေ့ရှိပေမယ့်နောက်တစ်နေ့မနက်ကျစက်ဘီးလေးစီးလို့ရောက်လာတတ်ပြန်သူကလည်းlisaပင်။Chaeကလည်းသူ့အမေဘယ်လောက်ပဲနှိုးနှိုးlisaလာနှိုးမှသာထတတ်တဲ့ကောင်မလေး။သူမအစောကြီးနိုးနေလေရှိပေမယ့်Lisaနှိုးသံလေးတွေနဲ့မှနိုးထချင်လို့ပေကပ်အိပ်နေတတ်သာသူမကိုယ်တိုင်သာသိတဲ့အမှန်တရားတစ်ခု။
"ParkChaeYoungရာ နင်ကသိပ်ကြာတာပဲ ပြင်လည်းဒီရုပ်မပြင်လည်းဒီရုပ်ပဲကို"
"အဲ့တာဆိုလည်း ငါ့ကိုစောင့်မနေနဲ့လေ နင့်ဘာသာသွားပါလား lalisaမရဲ့"
"စောင့်ချင်လို့စောင့်နေတယ်များထင်နေလား အန်တီကသူ့သမီးလေးကိုစောင့်ရှောက်ပါလို့မှာထားလို့ဟေ့ နင့်လိုသာဆိုထားခဲ့မှာစိတ်ချ"
"စိတ်ပုပ်မlalisa အဲ့တာကြောင့်ရုပ်ဆိုးနေတာ သွားမယ်သွားမယ် နင်နဲ့ရန်ဖြစ်ရတာပျင်းလာပြီ"
အဲ့လိုပါပဲ ရန်ဖြစ်တိုင်းChaeကLisaကိုအမြဲအနိုင်နဲ့ပိုင်းလေ့ရှိတယ်။lisaကလည်းကျေကျေနပ်နပ်ကြီးကိုအရှုံးပေးချင်နေတော့ခက်တာပေါ့။
"သမီးlisaရေ Chaeကမနက်စာကိုကျောင်းမှာစားချင်တယ်ပြောလို့အန်တီကမနက်စာအတွက်ထမင်းတစ်ဘူး နေ့လည်စာအတွက်တစ်ဘူးထည့်ပေးလိုက်တယ် သမီးဖို့ပါပိုထည့်ထားတယ်နော် အတူတူစားကြ"