ဒီနေ့Lisaတစ်ယောက်အရမ်းတက်ကြွနေသည်။မတက်ကြွခံနိုင်ရိုးလား သူတို့အထက်တန်းကျောင်းရဲ့ဘောလုံးအသင်းတွေပြန်ဖွဲ့မယ့်နေ့ကိုး။Lisaတို့ကျောင်းမှာအလယ်တန်းအသင်းနဲ့အထက်တန်းအသင်းဆိုပြီး ယောကျာ်းလေးအသင်းနဲ့မိန်းကလေးအသင်းတွေရှိကြတယ်။တစ်နှစ်ကိုတစ်ခါလူတွေပြန်ရွေးကြတယ်လေအသင်းတွေက။
"Park Chaeyoung မထသေးဘူးလားဟ ငါတို့တော့နောက်ကျတော့မှာပဲ"
Lalisaတို့ထုံးစံမပျက်စေရ Chaeကိုလာနှိုးနေသည်။ခါတိုင်းထက်ပိုစောတဲ့အချိန်ဖြစ်ပေမယ့်တက်ကြွနေတယ့်lisaကတော့နောက်ကျသည်ဟုသာထင်နေမိသည်။
"Chaeyoung ya ထတော့ဆိုဟာ နောက်ကျနေတော့မယ်လို့ထတော့"
ခါတိုင်းဆိုlisaလာမနှိုးခင်နိုးပြီးအိပ်ချင်ယောင်ဆောင်နေတတ်လို့Chaeတောင်ဒီနေ့lisaလာနှိုးတဲ့အချိန်မှာမနိုးသေးပါ။Lisaတစ်ယောက်Chaeyoungကမထတာမို့အိပ်ယာပေါ်ကအတင်းဆွဲထူနေခဲ့တယ်။
"Lisa ya ဘယ်အချိန်ရှိသေးလို့ငါ့ကိုနှိုးနေတာလဲ လူရွေးပွဲကနေ့လည်မှကို"
"ဘာဖြစ်ဖြစ်ဟာ 6နာရီတောင်ထိုးနေပြီလေ ငှက်တွေတောင်အစာရှာထွက်နေလောက်ပြီ"
"ဟမ် ဘာ 6နာရီကကျောင်းသွားရမယ့်အချိန်လား အစောကြီးရှိသေးတာကို နင်ကကျောင်းကိုသရဲခြောက်တာသွားကြည့်မလို့လား"
"နင်အရမ်းစကားများတာပဲChaeရာ နောက်တောင်ကျနေပြီကို ထဟာ ထ"
ခုချိန်ထိအိပ်ယာထဲကမထသေးတဲ့Chaeyoungကိုနားပူနားဆာလုပ်နေတယ်။
"နင်လည်းအရမ်းနားငြီးတာပဲ ထပြီဟေ့ ငါ့ကိုမျက်နှာသစ်အဝတ်အစားလဲချိန်လေးတော့ပေးပါဦး မဟုတ်ရင်ငါဒီအတိုင်းကျောင်းသွားလိုက်ရမလား"
"သွားလို့ရသားပဲ သရေလေးတွေနဲ့လှနေမှာလေ"
"Yarr Lalisa"
မနက်ခင်းမှာကတည်းကသူတို့နှစ်ယောက်နဲ့တစ်နေ့တာကဒီလိုစတင်ကြပါတယ်။Park Chaeyoung သရေတွေနဲ့အိပ်နေရင်တောင်ချစ်ဖို့ကောင်းတယ်လို့တွေးနေတဲ့Lalisaကတော့အခန်းထဲမှာပတ်ပြေးနေရပြီပေါ့။Chaeyoungတစ်ယောက်ကလည်းရေချိုးခြင်းအလုပ်ကိုစက်တပ်ထားသလိုလုပ်ဆောင်နေပါသတဲ့လေ။
"Lalisa နင်ကြောင့်ငါမနက်စာလည်းငတ်ပြီ"
"နင်ကလည်း ငါလည်းမစားရတာကြီးကို အေးအတူပူအမျှပေါ့"
"Sorryနော် နင့်ဘာသာအေးပြီးနင့်ဘာသာပူ ငါကတော့လိုက်မပူနိုင်ပါဘူး ဘာမှလာမပြောနဲ့ သွား"
ParkChaeYoung ကLalisaကိုစိတ်ဆိုးတာတဲ့ လမ်းတစ်လျှောက်ကသစ်ပင်ကြီးတွေကြားရင်အော်ရယ်နေပါဦးမယ် lisaက Chaeရေ လို့တစ်ခွန်းခေါ်လိုက်တာနဲ့စိတ်ကောက်ပြေတဲ့Park Chaeyoungကိုပေါ့။
"Lalisa ဖြေးဖြေးနင်းဟ ငါလမ်းနဲ့မိတ်မဆက်ချင်ဘူး"
Chaeyoungပြောစကားမှာlisaမောနေမှာပဲဆိုတဲ့စိုးရိမ်စိတ်ကအပြည့်နဲ့လေ။
"မီယားနဲ မီယားနဲ ငါအရှိန်လျှော့နင်းမယ်နော်"
သူတို့နှစ်ယောက်သားကျောင်းကိုရောက်တော့ကျောင်းဂိတ်ဝကလုံခြုံရေးဦးလေးကြီးတောင်အိပ်ချင်မူးတူးပုံစံနှင့်ပင်ရှိနေသေးသည်။ကျောင်းဝန်းတစ်ခုလုံးလည်းတိတ်ဆိတ်နေသေးပြီးတရားရိပ်သာကျလို့။
"တွေ့လားlalisa ကျောင်းမှာလူတွေတောင်မရှိသေးဘူး"
"ငါတို့နှစ်ယောက်ကလူတွေမဟုတ်လို့နတ်သမီးလေးတွေလား"
Chaeyoung လက်ခလည်သာထောင်ပြလိုက်သည်။
"ရိုင်းစိုင်းနေတာကြည့်စမ်း ဘယ်ဥကပေါက်တာပါလိမ့်နော်"
"နင်ပြေးစမ်း lalisa"