Part-2

260 40 6
                                    

        ကျောင်းဆင်းခေါင်းလောင်းမထိုးခင်ကတည်းကကျောင်းသားတို့ရဲ့ထုံးစံအတိုင်းလွတ်အိတ်ထဲကိုပစ္စည်းတွေအကုန်သိမ်းဆည်းပြီးသူ့ထက်ငါပြန်ဖို့အသင့်ဖြစ်နေကြသည်။အဲ့ဒီအချိန်မှာတော့ရှေ့ကဆရာရဲ့စကားကိုလည်းစိတ်မဝင်စားကြပါ။ပြန်ဖို့တစ်ခုသာခေါင်းထဲမှာရှိနေကြသည်။

       "Li ပြန်ရင်နင်နင်းနော် အလာတုန်းကငါနင်းလာရတာ"

       "Park ChaeYoungရယ် တစ်နေ့တစ်လေလေးနင်နင်းတော့ထီတွေဘာတွေပေါက်မှာစိုးလို့လား ငပျင်းမ"
 
      "ဘာပြောတယ် လမ်းကျမှနင်တွေ့မယ် ရှေ့မှာဆရာရှိနေလို့နော်"

      Lisaနဲ့ChaeYoungတည့်တဲ့နေ့ဟာပင်လယ်ရေတွေခမ်းတဲ့တစ်နေ့ ကမ္ဘာကြီးပြောင်းပြန်လည်တဲ့နေ့ နေဆယ်စင်းထွက်တဲ့နေ့ကျမှပဲဖြစ်နိုင်မယ်ထင်ပါတယ်။ခေါင်းလောင်းသံကြားတာနဲ့မာရသွန်ပြိုင်ပွဲပြေးနေသလိုအခန်းအပြင်ကိုအပြေးအလွှားထွက်ကြသည်မှာကျောင်းသားတွေရဲ့အကျင့်။

      "ဟ နင်တို့တွေ​​ဖြေးဖြေးတိုးပါဟ လူတွေတော့ဝင်မတိုက်နဲ့လေ"

      ChaeYoungကိုယောကျာ်းလေးအုပ်စုတွေကဝင်ဝင်တိုက်သွားကြတာမို့Lisaတစ်ယောက်သည်းမခံနိုင်တဲ့အဆုံးထအော်လိုက်တော့သည်။

       "Young ဒီဘက်ကသွားမယ် အဲ့ဒီဘက်ကလူကြပ်တယ်"

        "Li နင်ဒီနေ့ကွင်းထဲကိုဝင်အုံးမှာလား"

       "ဝင်မှာပေါ့ ဟိုကောင်တွေနဲ့ချိန်းထားတယ်"

       ကျောင်းခန်းထဲမှာတုန်းကစက်ဘီးမနင်းချင်တဲ့ကိစ္စနဲ့ရန်ဖြစ်ရပေမယ့်အခုတော့စက်ဘီးနင်းချင်တဲ့ကိစ္စနဲ့ရန်ဖြစ်ရပြန်သည်။

       "Young ငါပဲနင်းမယ်လေ နင်မနင်းချင်ဘူးမလား"

        "ဒီနေ့တစ်နေ့တော့ငါပဲနင်းမယ် ငပျင်းမလို့အပြောမခံနိုင်လို့"
 
       "ခါတိုင်းလဲငါပဲနင်းနေတာကို ငါနင်းပါမယ်ဆို"
 
       "ဒီလောက်နင်းချင်နေတာနင်းဟာ နောက်တော့မှYoungရေ နင်နင်းနင်းတာလေးစီးဖူးတယ်ရှိအောင်နင်းပါအုံးဆိုလို့ကတော့ Noပဲနော်"
 
       နောက်ဆုံးတော့လည်းLisaသာစက်ဘီးကိုနင်းရင်းပြန်လာခဲ့တယ်။Lisaကကျောပိုးအိတ်ကိုရှေ့မှာလွယ်လို့ChaeYoungနောက်မှာထိုင်ရတာအဆင်ပြေအောင်အမြဲလုပ်ပေးတတ်သည်။ChaeYoungကလည်းLisaနောက်ကသာလိုက်ပြီးစီးရမယ်ဆိုအပြုံးတွေကမရပ်တန့်နိုင်တော့ပေ။
 
        "Young နင်ကွင်းထဲကိုလိုက်အုံးမလို့လား"
 
        "လိုက်မှာပေါ့ အိမ်မှာနေရင်ပျင်းစရာကြီးကို"
 
      ChaeYoung က ကျောင်းဆင်းလို့Lisaဘောလုံးကန်ဖို့ကွင်းထဲသွားတိုင်းလိုက်လာလေ့ရှိသည်။ကွင်းဘေးမှာထိုင်ပြီးLisaဘောလုံးကစားနေတာကိုထိုင်ကြည့်နေရတာChaeYoungအတွက်တော့Dramaတစ်ခုထက်ပင်ပိုကြည့်လို့ကောင်းနေသေးတော့သည်။Lisaလွယ်အိတ်ထဲမှာရေဘူးတစ်ဘူးသာပါလေ့ရှိပေမယ့်Chaeရဲ့လွယ်အိတ်ထဲမှာတော့Lisaအတွက်ချွေးသုတ်ဖို့ပဝါ ဓာတ်ဆားရေဘူး ရေခဲရေဘူး အပြင် ပတ်တီးလိပ် ဆေးဘူးကအစအစုံပါလာတတ်သည်။ဘောလုံးကန်ပြီးလို့မောနေရင်ပန်ကာအသေးလေးနဲ့အေးအောင်လုပ်ပေးတတ်သေးတဲ့ChaeYoungကြောင့်Lisaကိုကွင်းထဲကကောင်လေးကောင်မလေးတော်တော်များများကအားကျကြသည်။အရင်ကဆိုChaeYoungကိုကွင်းထဲကကောင်လေးတွေကအမြဲလိုက်ကြည့်တတ်ကြတာမို့Lisaသဝန်တိုတာကြောင့်ChaeYoungကိုကွင်းထဲမလိုက်ဖို့ပြောရင်းခဏခဏရန်ဖြစ်ရသည်။သို့သော် အခုနောက်ပိုင်းတွင်တော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရန်မဖြစ်ချင်တော့တာတစ်ကြောင်း Chaeရဲ့ခေါင်းမာမှုကိုသိတာကြောင့်တစ်ကြောင်း Lisaလက်လျှော့လိုက်ရသည်။ကွင်းထဲကကောင်တွေကိုသာChaeကိုထိရင်ဓားကြည့်ဆိုပြီးတစ်ပွဲတစ်လမ်းအကဲစမ်းထားရတယ်။Lisaအတွက်လည်းChaeYoungနေမကောင်းလို့ကွင်းထဲမလိုက်တဲ့နေ့တွေဆိုဘောလုံးကန်ရတာဘယ်လိုမှအဆင်မပြေပါ။စိတ်ကChaeဆီကိုသာရောက်နေတတ်တာမို့အလွဲလွဲအချော်ချော်တွေဖြစ်နေတတ်တယ်။Chaeရဲ့ဂရုစိုက်မှုတွေကြားမှာLisaကျေနပ်ပျော်ရွှင်ရတယ်။Lisaကိုအော်ဟစ်အားမပေးပဲကွင်းဘေးကငြိမ်ငြိမ်လေးလိုက်ကြည့်နေတတ်တဲ့အဲ့ဒီကောင်မလေးရဲ့ဂရုစိုက်မှုတွေကLisaကိုအမောပြေစေတယ်။ထုတ်မပြဖြစ်ပေမယ့်ChaeYoungဆိုတဲ့ကောင်မလေးသာLisaအတွက်အရာရာပင်။

         "Li နင်မောနေပြီလား ဒီမှာရေသောက်အုံး"

      Lisaအတွက်တော့Chaeရဲ့မျက်နှာလေးကိုမြင်နေရခြင်းကရေသောက်ရတာထက်အမောပြေစေတယ်ဆိုတာChaeတစ်ယောက်မသိပါ။
      နှစ်ယောက်သားစက်ဘီးလေးကိုတွန်းပြီးပြန်လာကြတယ်။Lisaနဲ့Chaeရဲ့အိမ်ကရပ်ကွက်တစ်ခုသာခြားသည်။LisaကChaeYoungကိုအိမ်အထိလိုက်ပို့ပြီးမှသာအိမ်ပြန်လေ့ရှိသည်။

    "Ya Lalisa ကောင်းကောင်းပြန်နော် လမ်းမှာခွေးလိုက်ဆွဲပါစေ သွားပြီ"
 
   "Yarrr Park ChaeYoung နင်တွေ့မယ်"
 
       ChaeကLisaကိုစပြီးတာနဲ့အိမ်ထဲကိုတစ်ချိုးတည်းဝင်ပြေးတော့သည်။Lisaတစ်ယောက်သာစက်ဘီးကိုကိုင်ထားပြီးစိတ်တိုရင်းကျန်ခဲ့သည်။
      ညရောက်တော့ChaeYoungတစ်ယောက်အိမ်စာတွေလုပ်နေရင်းLisaကိုလွမ်းနေမိတယ်။

     "သောက်ကျိုးနည်းပဲ ဒီလောရှည်ကောင်ကအနှောက်အယှက်အရမ်းပေးတာပဲ စာကိုအာရုံစိုက်လို့ကိုမရတော့ဘူး ဒင်းကိုပဲသတိရနေတယ်"
 
      ChaeYoungပွစိပွစ်ပြောနေရင်းနှစ်ယောက်သားရိုက်ထားတဲ့ပုံလေးကိုကြည့်နေတုန်းဖုန်း​သံလေးကမြည်လာခဲ့တယ်။

      "ဒီအရှည်ကောင်တော့အသက်ရှည်အုံးမယ် ငါကလွမ်းနေတာကို"
 
       ပြောရင်းနဲ့Chaeဖုန်းကိုင်လိုက်တယ်။

     "နင်အရမ်းအားနေလားLalisa ငါဒီမှာအိမ်စာတွေလုပ်နေလို့မအားပါဘူးဆို ဘာကိစ္စလဲပြော"

     "နင်ကလည်းငါ့ဆိုကောဖို့ပဲ ငါလေစာမေးစရာရှိလို့နင်အိမ်ရှေ့မှာရောက်နေတယ် အဲ့တာတံခါးလာဖွင့်ပေးအုံး"

      "ဟာ နင်ကတော့လာရှုပ်ပြီ ခဏစောင့်နေ လာပြီ"

       ChaeYoungဖုန်းချလိုက်ပြီး

      "ဒီအရူးကတော့အလိုက်သိလိုက်တာ ငါလွမ်းနေတဲ့အချိန်မှာကွက်တိရောက်လာတာပဲ"

      တီးတိုးရေရွတ်ပြီးအောက်ကိုအပြေးအလွှားဆင်းပြီးLisaကိုတံခါးဖွင့်ပေးလိုက်တယ်။

      "ငါအေးလို့သေတော့မယ် ခုမှပဲလာဖွင့်တော့တယ်"
 
     "သူများစာလုပ်နေတာကိုလာနှောက်ယှက်ပြီးတော့များ မဝင်ချင်လည်းနေတော့ သွား"

       "စတာ စတာ ငါချမ်းနေပြီ ဝင်မှာ"
 
       တကယ်တော့Lisaလည်းChaeYoung ကိုလွမ်းလွန်းလို့စာမေးမယ်လို့အကြောင်းပြပြီးChaeဆီလာခဲ့တာ။အိမ်ရှေ့မှာရပ်စောင့်နေရင်းတံခါးပွင့်လာပြီးChaeရဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့အခါမှာတော့ရင်ထဲကလစ်ဟာနေတဲ့ခံစားချက်ကြီးကပြည့်စုံသွားတော့တယ်။ChaeYoungကလေLisaအတွက်ပြည့်စုံမှုလေးပင်.......
#TBC
အကြာကြီးစောင့်ခိုင်းမိလို့အားနာပါတယ်ယောရောဘွန်းရေ

Start with YouWhere stories live. Discover now