Zawgyi

2.1K 66 33
                                    

December မနက်ခင်း.....

"ဝှားးးးးး..."
ရှောင်းပိစိက​လေးနိုးလာပြီ.....
၁၀နှစ်အရွယ်​ရှောင်းပိစိက​လေးက မနက်ဆို ၉နာရီ​လောက်ပုံမှန်သူ့ဘာသာ ထတတ်တယ်.....

နိုးနိုးချင်း ဆူညံ​နေတဲ့ အသံတစ်ချို့​ကြောင့် က​လေး​လေးက ပြတင်း​ပေါက်နားကို လှစ်ခနဲ​အ​ပြေး​လေးသွားကြည့်​တော့

ဘေးကပ်ရက်ခြံက လူသစ်​တွေ ​ပြောင်းလာတာမြင်ရတယ်....
စပ်စပ်စုစု​နေတတ်တဲ့ က​လေးသဘာဝအရ ​မေး​လေး​ထောက်လို့ မျက်လုံး​လေးပုတ်ခတ်ပုတ်ခတ်နဲ့ကြည့်​နေမိတယ်

တော်​တော်​လေးကြာမှ သူ့ခမျာ မျက်နှာ မသစ်ရ​သေးမှန်း သတိရသွားတယ်ထင်တယ်

ကိုယ့်ခေါင်း​လေးကို ခပ်သာသာ​လေး ရိုက်လို့
ပွစိ ပွစိ ​ရေရွတ်ကာ ​ရေချိုးခန်းထဲဝင်သွား​တော့တယ်.....

"မာမား​ရေ...."

အော်​ခေါ်ရင်း ​လှေကားက​နေ ​ပြေးဆင်းလာတဲ့ ​ရှောင်းပိစိ​လေးက ​အောက်​​ခြေနား​လေး​ရောက်​တော့ ရပ်သွားတယ်

"အွန် ဘယ်သူပါလိမ့်"
ဧည့်ခန်းထဲမှာထိုင်လို့ ​Tom&Jerryကို ကြည့်​နေတဲ့ သူနဲ့ရွယ်တူ​လောက်ရှိမည့် ပါး​ဖောင်း​ဖောင်းကြီး​တွေနဲ့ က​လေး​လေးကိုမြင်​တော့ ​ခေါင်းမှာ question markက​လေး​ပေါ်လာတယ်.....
သူ့ကို တစ်ချက်သာလှည့်ကြည့်ပြီး မရယ်မပြုံး ခပ်တည်တည် မျက်နှာ​ဘေး​လေးနဲ့ အဝါ​ရောင် ဆွယ်တာက​လေးဝတ်လို့ထိုင်​​နေတဲ့ ​ကောင်​လေးက တကယ့် အ​ချေက​လေး....

"ပိစိ​လေး​ရေ မား ဒီမှာ"

"မာမားးး"
ရှောင်းပိစိလည်း ရှောင်းမားအသံကြား​ရော အသံကြားရာ မီးဖို​ချောင်ဆီ​ပြေးဝင်သွားလိုက်​တော့တယ် သူမာမားကို ​မေးကြည့်ရမယ်​လေ

"မာမား မာမား... ဟို..အ​ရှေ့က က​လေး​​လေးက ဘယ်သူလဲ"

"​အော် ​​ဘေးအိမ်ကက​လေး​​လေ...သားရဲ့ ​ပစ္စည်းအ​ရွှေ့အပြု​တွေနဲ့ က​လေးခိုက်မိမှာစိုးလို့ မာမား​ခေါ်ထားလိုက်တာ "

"​အော်"
လူကြီး​လေးလို ​ခေါင်းတငြိမ့်ငြိမ့်နဲ့ ​ရှောင်းပိစိရယ်ပါ

အိ​ဖောင်း​ဖောင်း (အိဖောင်း​ဖောင်း)Where stories live. Discover now