December မနက်ခင်း.....
"ဝှားးးးးး..."
ရှောင်းပိစိကလေးနိုးလာပြီ.....
၁၀နှစ်အရွယ်ရှောင်းပိစိကလေးက မနက်ဆို ၉နာရီလောက်ပုံမှန်သူ့ဘာသာ ထတတ်တယ်.....
နိုးနိုးချင်း ဆူညံနေတဲ့ အသံတစ်ချို့ကြောင့် ကလေးလေးက ပြတင်းပေါက်နားကို လှစ်ခနဲအပြေးလေးသွားကြည့်တော့
ဘေးကပ်ရက်ခြံက လူသစ်တွေ ပြောင်းလာတာမြင်ရတယ်....
စပ်စပ်စုစုနေတတ်တဲ့ ကလေးသဘာ၀အရ မေးလေးထောက်လို့ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ကြည့်နေမိတယ်
တော်တော်လေးကြာမှ သူ့ခမျာ မျက်နှာ မသစ်ရသေးမှန်း သတိရသွားတယ်ထင်တယ်
ကိုယ့်ခေါင်းလေးကို ခပ်သာသာလေး ရိုက်လို့
ပွစိ ပွစိ ရေရွတ်ကာ ရေချိုးခန်းထဲ၀င်သွားတော့တယ်.....
"မာမားရေ...."
အော်ခေါ်ရင်း လှေကားကနေ ပြေးဆင်းလာတဲ့ ရှောင်းပိစိလေးက အောက်ခြေနားလေးရောက်တော့ ရပ်သွားတယ်
"အွန် ဘယ်သူပါလိမ့်"
ဧည့်ခန်းထဲမှာထိုင်လို့ Tom&Jerryကို ကြည့်နေတဲ့ သူနဲ့ရွယ်တူလောက်ရှိမည့် ပါးဖောင်းဖောင်းကြီးတွေနဲ့ ကလေးလေးကိုမြင်တော့ ခေါင်းမှာ question markကလေးပေါ်လာတယ်.....
သူ့ကို တစ်ချက်သာလှည့်ကြည့်ပြီး မရယ်မပြုံး ခပ်တည်တည် မျက်နှာဘေးလေးနဲ့ အဝါရောင် ဆွယ်တာကလေး၀တ်လို့ထိုင်နေတဲ့ ကောင်လေးက တကယ့် အချေကလေး....
"ပိစိလေးရေ မား ဒီမှာ"
"မာမားးး"
ရှောင်းပိစိလည်း ရှောင်းမားအသံကြားရော အသံကြားရာ မီးဖိုချောင်ဆီပြေး၀င်သွားလိုက်တော့တယ် သူမာမားကို မေးကြည့်ရမယ်လေ
"မာမား မာမား... ဟို..အရှေ့က ကလေးလေးက ဘယ်သူလဲ"
"အော် ဘေးအိမ်ကကလေးလေ...သားရဲ့ ပစ္စည်းအရွှေ့အပြုတွေနဲ့ ကလေးခိုက်မိမှာစိုးလို့ မာမားခေါ်ထားလိုက်တာ "
"အော်"
လူကြီးလေးလို ခေါင်းတငြိမ့်ငြိမ့်နဲ့ ရှောင်းပိစိရယ်ပါ
