part -4 (unicode)

746 33 0
                                    

       ဝမ်းရိပေါ်လည်း ဇယ်ဝူကျွမ်းဘေးနား ဝင်ထိုင်လိုက်ပြီး
"ဟယျောင် ငါတို့မတွေ့တာတောင်ကြာပြီ မင်း နိုင်ငံခြားထွက်သွားထဲ က အဆက်သွယ်မရတော့တာ"

" အေး ကွ ငါလည်းမဆက်သွယ်ဖြစ်ဘူး  အလုပ်တွေရှုပ်နေတာနဲ့ အဆက်သွယ်ပျက်သွားတာ အခုတောင်ငါမနည်းဆုံးစမ်းခိုင်းထားတာ
မင်းနဲ့ အလုပ်လုပ်ရဖို့"
"ငါမင်း သတင်တော့ကြားတယ် Top 1 အလုပ်ငန်းရှင်ကြီးဆိုတဲ့ သတင်းတွေလေ😃"

"အေးပါကွာ မင်းလည်းနော်နေနိုင်တယ် အဲ့မှာသူငယ်ချင်းကို အဆက်သွယ်မလုပ်ပဲ"

သူငယ်ချင်း၂ယောက်တွေ့တုန်းစကားတွေ ဘာတွေပြောနေရင် ဝမ်းရိပေါ်   အခြားနေရာတွေကို လှမ်းကြည့်လိုက်တော့
ရှောင်ကျန်းကိုတွေ့သွားတယ်
သူထင်မိတာ ရှောင်ကျန်းက ငွေရေးကြေးရေး အခက်ခဲဖြစ်ပြီးသူ့စီ အကူညီလာတောင်းမယ် လို့ အခု တော့မှန်းချက်နဲ့လွဲနေပြီး ဒီမှာတောင်သူက အလုပ်လုပ်နေလိုက်သေးတယ် သူပေးထားတဲ့ လိပ်စာကဒ်ကို သတိမရဘူး ထင်တယ်

တစ်ကယ်တော့ရိပေါ်သိပါတယ် ရှောင်ကျန်းတို့ ကုမ္မဏီဒေဝါလီ ခံတော့မယ်ဆိုတာ ဟိုနေ့က သူစုံစမ်းခိုင်းလိုက်ထဲကသိနေတာပါ
သူအဲ့တာကြောင့်  လိပ်စာကဒ်ပေးထားတာ

ဖြစ်ခြင်တော့ရှောင်ကျန်းတို့ကုမ္မဏီမှာ သူလည်းshareဝင်ထားတဲ့သူတစ်ဦးဖြစ်နေတယ် ပြီးတော့ရှယ်ယာ အများဆုံးလည်းဖြစ်တယ်
သူစဉ်းစားမိတာက ရှောင်ကျန်းက သူs hareအများဆုံးဆိုတော့
မလျောပေးနိုင်လို့ခဏစောင့်ပါအုံးလို့လာတောင်းပန်မယ် ဒါမှမဟုတ် အကူညီလာတောင်းမယ်ထင်နေတာ
ဝမ်းရိပေါ်လည်း အကြံပေါ်သွားပြီးဖုန်းဆက်လိုက်တယ် သူ့ အတွင်းရေးမှူး ကို  မနက်ဖြန် ရှောင်ကျန်းတို့ကုမ္မဏီမှာရှိတဲ့shareတွေပြန်ထုတ်ဖို့ နဲ့ မပေးနိုင်သေးရင် ကုမ္မဏီဆက်ခံသူ ကလားရောက်ဆွေးနွေးဖို့ ပြောလိုက်တယ်

  ဘေးနားက ဇယ် ဝူကျွမ်းက " ဘာလဲ မင်းအဲ့ကောင်လေးကိုသဘောကျနေနတာလား"

"နေ ပါအုံးမင်းဘယ်လိုလုပ်သိလဲ "

"အော် မသိပဲမေလားငါနဲ့စကားပြောနေရင်း
အကြားကြီး အဲ့ကောင်လေးကို စိုက်ကြည့်နေတာလေ ပြီးတော့ မင်းကဖုန်းတွေလည်းကောက်ဆက်နေတာကို"
"ငါသိတယ် အဲ့ကောင်လေးကို  သူ့ ကုမ္မဏီ က အတွင်းသတင်းပေါက်ပြီး ဒေ ဝါလီ ခံနေတာလေ "
"ပြီးတော့ မင်းအဲ့မှာ share ဝင်ထားတာလည်းသိတယ် ငါ မင်းနဲ့ မတွေ့ခင် မင်း သတင်းအကုန်စုံစမ်းထားတာပါကွ"

သူ့အချစ်❤❤❤ (Complete)Where stories live. Discover now