part-19

676 23 0
                                    

       
ရိပေါ် "သည်းငယ်"

ရှောင်ကျန်းတစ်ယောက် သူ့ကိုသည်းငယ်လို့ခေါ် သံကြားတော့ ခေါင်းမော့ပြီးကြည့်လိုက်တော့ သူ့ရဲ့ကိုကို

ကိုကိုကြည့်ရတာ သူ့ကို စိတ်ပူနေတယ်ပုံမျိုး
ရိပေါ်  ရှောင်ကျန်းကို ဖက်လိုက်တယ်

ရိပေါ် "သည်းငယ် ရယ် ဘာလို့ငိုနေတာလဲ ဘာဖြစ်လို့လဲ ကိုယ့်ကို ပြောပါအုံး"

ရင်ခွင်ထဲမှာရှိနေတဲ့ရှောင်ကျန်းကတော့
ရိပေါ် အဲ့လိုစိတ်ပူပြီးမေးတော့ ပိုလိုတောင် ဝမ်းနည်းပြီး နောင်တရနေတယ်

သူကလူရှေ့သူရှေ့မှာရိပေါ်ကိုအော်လိုက်မိတဲ့အပြင်သူများထိုးတာကိုပါရိပေါ်ကခံလိုက်ရတယ်လေ အဲ့တာကို တောင် ရိပေါ် က စိတ်မဆိုးပဲနဲ့  သူ့ကိုစိတ်မပူတဲ့ အပြင် စိတ်ပူနေတော့ သူအရမ်းကို အားနာပြီး ဝမ်းနည်းမိတယ်

ရိပေါ်တစ်ယောက် သူစကားပြောတော့မှ ရင်ခွင်ထဲက ကလေးလေးက ပို၍ ငိုနေတာကြောင့်

ရိပေါ်" သည်းငယ် ကိုယ် သည်းငယ်ကိုစိတ်မဆိုးပါဘူး သည်းငယ်ရယ် အပြစ်လည်းမမြင်ရက်ပါဘူး အဲ့တာကြောင့် မငိုနဲ့တော့နော်"

ရှောင်ကျန်း" အဲ့တာကြောင့်ပေါ့ ခင်ဗျာ က အဲ့လို တွေ အပြစ်မမြင်ရက် စိတ်မဆိုးရက် ဖြစ်နေတာကို ဝမ်းနည်းတယ်  ကျတော်ကတော်တော်ဆိုးတယ်မလားဟင် ခင်ဗျားကိုလည်း သူများတွေလို မကာကွယ်ပေးဘူး"

ရိပေါ်" သည်းငယ် က ဘယ်တုန်းကမှ မဆိုးပါဘူး သည်းငယ် ဆိုးခဲ့ရင်တောင်ကိုယ် ကဆိုးတယ်လို့မထင်တာပါ သည်းငယ်က ကားကွယ်ပေးစရာမလိုပါဘူး ကိုယ် က ပဲ သည်းငယ်ကို ကာကွယ်ပေးပါ "

ရိပေါ် " ပြီတော့ သည်းငယ် ကိုယ့်ကိုကိုယ် သူများနဲ့မနှိုင်းနဲ့  ကိုယ့်အတွက် သည်း ငယ်က အကောင်းဆုံးမို့ပါ သူများနဲ့နှိုင်းယှဉ်လို့မရတဲ့သူပါသည်းငယ်ရယ်"

ရှောင်ကျန်း"ရီး😭😭 ခင်ဗျားဘာလို့ကျတော့အပေါ် အဲ့လောက်ကောင်းနေရတာလဲ😭😭"

ပြောကာမှ ပိုငို လာတဲ့ သည်းငယ်ကြောင့် သူပြုံးမိတယ်

ရိပေါ် " အဖြေ က ရှင်းရှင်းလေးပါ သည်းငယ်ကို ချစ်လို့ပေါ့ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရအောင် ချစ်လို့ပေါ့ "

သူ့အချစ်❤❤❤ (Complete)Unde poveștirile trăiesc. Descoperă acum