ရှောင်ကျန်းလည်းကားပေါ်မှာတိတ်တ
ဆိတ်နဲ့ လိုက်ပါလိုက်တယ် ကားပေါ်မှာ၂ယောက်လုံးစကားမပြောဖြစ် ရိပေါ်ကတော့စိတ်တိုနေတုန်းပဲ အိမ်လည်းရောက်ရော ကားပေါ် ကာနေရှောင်ကျန်း ဆင်းလိုက်တယ် ရိပေါ် လည်းကားပေါ်ကနေဆင်းတယ် ပြီးတော့အိမ်ထဲကိုတစ်ခါတည်းတန်းဝင်သွားတယ် ရှောင်ကျန်းကိုလည်း လှည့်မကြည့်ဘူး ရှောင်ကျန်းလည်း အိပ်ပေါ်ထက်တက်ပြီးအိပ်ခန်းထဲဝင်တော့ ရိပေါ်က ရေချိုးခန်းကို ဝင်သွားတယ်ရှောင်ကျန်းတစ်ယောက်စိတ်မကောင်းဖြစ်ခြင်လာတယ် သူကိုကြည့်လည်းမကြည့်ဘူး သူစကားပြောမယ်ဆိုတော့လည်းအပြောမဘူ အိမ်ရောက်တော့အေးဆေးပြောမယ်ဆိုတော့လည်း သူကိုစကားမပြောမကြည့်ဘဲ သူလုပ်ခြင်ရာတွေလုပ်နေတယ်😥
ရှောင်ကျန်းတစ်ယောက်ကုတင်ပေါ်မှာထိုင်စောင့်နေလိုက်တယ်ရိပေါ် ရေချိုးခန်းထဲကို ဝင်သွားပြီး ရေးချိုးလိုက်တယ် ရေတွေနဲ့ အတူသူရဲ့ဒေါသကိုပါလျော့လိုက်တယ် မဟုရင်ရှောင်ကျန်းကိုတစ်ခုခုလုပ်မိလိမ့်မယ်
သူလည်းလူသားတစ်ယောက်ပဲလေ သူချစ်တဲ့သူက တစ်ခြားသူတစ်ယောက်နဲ့နီးနီးကပ်က် ဖြစ်နေတာ သူကြိုက်ပါ့မလား ကောင်းလေးက သူ့အပိုင် ဆိုပင်မဲ့ သူကောင်လေးရဲ့ အချစ်ကိုမပိုင်သေးဘူးလေ အချိန်မရွေးသူ့စီကနေ ပြီးထွက်ပြေးသွားနိုင်တယ် အဲ့ဒါကြောင့်သူ စိတ်လျော့လိုက်တာရိပေါ် ရေချိုးခန်းထဲက ထွက်တော့ ရှောင်ကျန်းရှိတာသိပင်မဲ့ သူလှည့်မကြည့်ဖြစ် သူလုပ်စရာရှိတာသာဆက်လုပ်နေလိုက်တယ် ကောင်လေးက သူကိုကြည့်နေတယ် ခဏနေတောင့်ကောင်လေးလည်းရေချိုး ဖို့ရေချိုးခန်းထဲဝင်သွားတာထင်တယ် ခဏနေ အိမ်တော် ထိန်းကြီးက ထမင်းစားဖို့ဆိုပြီး လာခေါ်လို့သူအောက်မှာကောင်လေးကို ထမင်သွားစားဖို့စောင့်နေလိုက်တယ်
ရှောင်ကျန်း ကိုကိုရေချိုးခန်းထဲက ထွက်လာတော့ ကျတော် ကိုကို့ ကိုစကားပြောမယ်လို့ စဉ်းစားထားတာဒါပေမဲ့ ကိုကိုလည်းထွက်လာရော ကိုကိုမျက်နှာကြည့်ပြီးစကားမပြောရဲဘူး ကိုကိုကလည်းသူ့ကို လှည့်မကြည့်ဘူး အရေးလည်းမလုပ်ဘူး ရှိတယ်လို့တောင်သဘောမထားဘူး နဂိုထဲကလူကစိတ်မကောင်းဖြစ်ပါတယ်ဆို မှကိုကို ကအဲ့လိုလုပ်တော့ သူငိုခြင်လာတယ် အဲ့တာကြောင့် သူရေချိုးခန်းထဲဝင်သွားတာ
သူလည်း ရေချိုး ခန်းထဲကို ဝင် ပြီးငိုမိတယ် သူကိုဆို အမြဲဂရုစိုက်ပေးနေတဲ့သူက အဲလိုကြီးလုပ်တော့သူဝမ်းနည်းမိတာပါ
သူလည်းရေချိုးခန်းကထွက်လာရော ကိုကို မရှိတော့ဘူး အိမ်တော် ထိန်းကြီး က ထမင်းစားဖို့ခေါ်သွားပြီထင်တယ် သူလည်း နေမကောင်းခြင်သလိုဖြစ်နေတာကြောင့် ထမင်းမစားခြင်တာနဲ့ ဘဲ မစားဘဲ အိပ်ယာပေါ်မှာသာလည်းအိပ်နေလိုက်တယ်
KAMU SEDANG MEMBACA
သူ့အချစ်❤❤❤ (Complete)
Fiksi PenggemarZawgyi ဝမ်းရိပေါ် မြင်မြင်ခြင်း ချစ်မိပြီး မင်းကိုမရရအောင်ယူမှာ ကောင်လေး ရှောင်ကျန်း အကြောင်းကိစ္စတစ်ခုကြောင့် လက်ထက်ထားပေမဲ့ ကျတော့မချစ်ဘူး Unicode ဝမ်းရိပေါ် မြင်မြင်ခြင်း ချစ်မိပြီး မင်းကိုမရရအောင်ယူမှာ ကောင်လေး ရှောင်ကျန်း ...