ငါက စထရိတ်စစ်စစ်ကြီးကွ(ငါက စထရိတ္စစ္စစ္ႀကီးကြ)

1.5K 140 14
                                    

(Unicode)

ရှောင်းကျန့်ဟာ အသက် (၂၈) နှစ်အရွယ် ရုပ်ချော သဘောကောင်း စော်ကြည်တဲ့ စထရိတ်စစ်စစ်ကြီး ဖြစ်ပါသတဲ့။

သူက စော်တော့ကြည်ရှာပေမဲ့ ရည်းစားကတော့ မူးလို့တောင်ရှုစရာမရှိပါဘူး။
အကြောင်းရင်းကတော့ ခုခေတ်ကောင်မလေးတွေက သူတို့လင်ရဖို့ထက် ကောင်လေးတွေကို လင်ပေးစားဖို့ပဲ အားသန်နေကြတာကိုး။

ဒီတော့ ရှောင်းကျန့်တစ်ယောက်မှာလည်း ဟိုတစ်ယောက်ကိုချိန်လိုက် ဖူဂျိုရှီမ ဖြစ်နေလိုက်
ဒီတစ်ယောက်ကိုကြိုက်လိုက် လင်ပေးစားခံရလိုက်နဲ့မို့ မစွံနိုင်ဖြစ်နေရရှာတော့တာပေါ့။
ပြီးတော့သူက လင်ပေးစားခံရတိုင်းလည်း
"ငါက ရေမရောတဲ့ စထရိတ်စစ်စစ်ကြီးကွ" လို့ စိတ်ဆိုးမာန်ဆိုး ပြောတတ်ပါသေးတယ်။
သူကအဲဒီလိုပြောတိုင်းလည်း ဖူဂျိုရှီဆိုတဲ့တစ်သိုက်က ကြက်သီးထစရာအပြုံးကြီးနဲ့ ပြန်တုန့်ပြန်ကြမြဲပါပဲ။

အဲဒါထက်ဆိုးတာကတော့ သူ့ကိုခြေဆုံးခေါင်းဆုံးကြီး ကြည့်ကြည့်ပြီး role ခွဲတဲ့ကိစ္စပဲ။

သူက (၂၈) နှစ်ဆိုပေ့မဲ့ ရုပ်ကမတရားနုပျိုနေတာလေ။ပြီးတော့ သူက ၀တ်တဲ့အ၀တ်အစားပေါ်မူတည်ပြီး ပုံစံကလုံး၀ကွဲထွက်သွားတတ်တဲ့သူမျိုး။

ဒီတော့ သူ့ကိုဂေးစေချင်နေတဲ့ ဖူဂျိုမတွေက နှစ်ဖွဲ့ကွဲကုန်ကြတော့တာပေါ့။

တစ်ဖွဲ့ကတော့ "မားမားသားလေးက ဘယ်လိုနေနေ အောက်ထပ်ကပဲ" ဆိုတဲ့အဖွဲ့ဖြစ်ပြီး
နောက်တစ်ဖွဲ့က "ရှောင်းကျန့်က ဘယ်ကမ္ဘာရောက်ရောက် အထက်ပုဂ္ဂိုလ်ပဲ" ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒီတော့ ရှောင်းကျန့်တစ်ယောက်မှာလဲ ဖြူဖြူသေးသေးကောင်လေးတွေနဲ့ ချိတ်ပေးခံရလိုက် တောင့်တောင့်ဖြောင့်ဖြောင့်ဘဲကြီးတွေလက်ထဲ ထိုးထည့်ခံရလိုက်နဲ့ အသက် (၂၈) နှစ်ထိလုံးလည်ချာလည် ဖြတ်သန်းလာခဲ့ရပါတော့တယ်။
သူ့ခမြာလည်း ရှောင်ရတိမ်းရလွန်းလို့ ရှောင်လင်ကွန်ဖူးတွေတောင် အတော်ကျွမ်းနေရှာပါပြီ။

ခုချိန်ထိမစွံနိုင်သေးတာမို့ မြေးချီချင်တဲ့ မားကတောင် "ရှောင်းကျန့်ရယ် မိန်းကလေးတွေကို မကြိုက်ရင်လဲ လင်သာယူလိုက်ပါတော့" လို့ ပြောလာတဲ့အခြေအနေကို ရောက်နေပြီ။
ဒါပေမဲ့ ရှောင်းကျန့်တစ်ယောက်ကတော့ 
"ကျွန်တော်က စထရိတ်စစ်စစ်ကြီးဗျ" လို့ ပြောနေတုန်းပါပဲ။
.
.
.
.
.
ဒီလိုနေလာလိုက်တာ တစ်နေ့မှာတော့ ရှောင်းကျန့်တစ်ယောက် ဘုမသိဘမသိနဲ့ သေဆုံးသွားရပါတော့တယ်။
.
.
ဖြစ်ပုံကတော့ဒီလိုပါ ။

System : Trying to be  SemeNơi câu chuyện tồn tại. Hãy khám phá bây giờ