Arc - 1 (1.3) ချစ်ဇနီးအလှလေး

1.1K 103 20
                                    

(Unicode)

အခုဆို ရှောင်းကျန့် ဒီကမ္ဘာကိုရောက်နေတာ ကိုးလလောက်တောင်ရှိနေပြီ။
ဒီကမ္ဘာရဲ့လူနေမှုဘ၀နဲ့ လိုက်လျောညီထွေဖြစ်အောင်ကြိုးစားရင်း အရင်ရှောင်းကျန့်ရဲ့ စားသောက်ဆိုင်ကို ဆက်ဖွင့်နေရင်းနဲ့ပဲ အချိန်တွေကုန်လို့ကုန်မှန်းတောင် သတိထားမိ။

အဲ ပြီးတော့ အခက်အခဲကြီးတစ်ခုကလည်းရှိနေသေးတယ်။
ခန္ဓာကိုယ်ကို ပိုပြီးသန်မာအောင်လုပ်ဖို့ပေါ့။
အရင်ရှောင်းကျန့်က တစ်ကယ့်ကို နူးနူးညံ့ညံ့အလှလေးဆိုတော့ ကိုယ်လက်လှုပ်ရှားရတဲ့အလုပ်တွေမလုပ်သလို ကိုယ်ခံပညာလေ့ကျင့်တာမျိုး၊လေ့ကျင့်ခန်းလုပ်တာမျိုးလည်းမရှိ။
အဲဒါကြောင့်ပဲ သူလေ့ကျင့်ခန်းစလုပ်တော့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး သုံးရက်လောက်အိပ်ယာထဲ လှဲနေလိုက်ရပါရောလား။

အဲဒီလိုဆိုပေမဲ့လဲ ဆက်မလုပ်ပဲတော့မနေရဲ။
တော်ကြာ ပထမကမ္ဘာမှာတင် mission fail နေမှ ရှောင်းကျန့်တို့ တစ်ကယ်မာလကီးယားတော့မှာလေ။
သေတာတောင် ဂေးဘားထဲမှာဆိုတော့ "ရှောင်းကျန့်က အဖြောင့်ဆိုပြီး ကြိတ်ဂေးနေတာနေမှာ" လို့ ကျော်မကောင်းကြားမကောင်း အတင်းတုပ်ခံရမှာအသေအချာပါပဲ။

ဒီလိုဆိုတော့သည်းခံပြီး ဆက်လုပ်ရတော့တာပေါ့။
ကိုးလကျော်ကျော်လောက် လေ့ကျင့်ခန်းတွေကြိုးစားပမ်းစားလုပ်အပြီးမှာတော့ အရင်ပျော့တိပျော့ဖတ်ပုံစံထက်တော့ နည်းနည်းလေးသန်မာလာပါပြီ။ 
ဒါပေမဲ့ပေါ့

"system ငါမေးချင်တာကလေ ဒီခန္ဓာကိုယ်က ဘယ်လိုခန္ဓာကိုယ်မျိုးမလို့ ဒီလောက်ပျော့နေရတာတုံး
လေ့ကျင့်ခန်းဒီလောက်လုပ်တာတောင် ကြွက်သားတွေက ကြက်ဥမပြောနဲ့ ငုံးဥလောက်တောင် မထွက်လာပါလားကွ"

"ဒါကတော့ mission အရပေါ့ hostရာ
ပစ်မှတ်က နူးနူးညံ့ညံ့အလှလေးတွေကိုကြိုက်တဲ့သူလေ
Host သာ ကြွက်သားရှစ်ထုပ်နဲ့ တောင့်တောင့်ဖြောင့်ဖြောင့်ဘဲကြီး ဖြစ်နေမယ်ဆိုရင် host ကို လာကြိုက်လိမ့်မယ်လို့ထင်နေသေးတာလား"

ဆိုတော့ ဒီလောက်ထိ ကြိုးစားပမ်းစားလေ့ကျင့်ခန်းလုပ်တာတောင် ကြွက်သားတွေမထွက်လာရတဲ့အကြောင်းရင်းက ဒါကြောင့်ပေါ့လေ။

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 09, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

System : Trying to be  SemeDonde viven las historias. Descúbrelo ahora