System space

1.1K 129 6
                                    

"ဆိုတော့ ငါကသေသွားပြီပေါ့"

'မိန်းမတောင် မယူရသေးဘူးလေ အူး၀ါးးးး'

"ဟုတ်ပါတယ် host
mission တွေ အောင်အောင်မြင်မြင် ထမ်းဆောင်ပြီးတဲ့အခါကျမှ
host ရဲ့ မူလကမ္ဘာကို ပြန်ခွင့်ရမှာပါ"

အသံလာရာကိုကြည့်လိုက်တော့ အနက်ရောင်ဇာဂါ၀န်၊ အနက်ရောင်လက်အိတ်၊အနက်ရောင်ဖိနပ် တို့နှင့်
တစ်ကိုယ်လုံးနက်မှောင်နေသည့် ကလေးမလေးတစ်ယောက်။
ဆံပင်ကလည်း နက်မှောင်နေလိုက်တာမှ
မျက်နှာလေးက ဖြူနေသေးလို့သာ တော်ရော့မည်။
အရပ်ကဖြင့် နှစ်ပေသာသာ အသံနဲ့တခြားစီဖြစ်နေသေး။

'နေပါအုံး ဒီတစ်ယောက်က ဘာကိစ္စဒီလောက် နက်မှောင်နေရတာတုန်း
လူက ချစ်စရာလေးပေမဲ့ အသံက ဟိုဖူဂျိုမတွေလို လေသံမျိုးနဲ့
အမလေးလေး ကြက်သီးတောင်ထလာပြီ'

"အော် ဒီလိုကိုး
ဒါနဲ့ ဘာလို့ငါ့လိုအဖြောင့်ကြီးကို ရွေးရတာတုန်း
ဒီ system နဲ့ ငါနဲ့ကိုက်ညီမှုမရှိဘူးလေ
တခြား system နဲ့ ပြောင်းပေးလို့မရဘူးလား"

"ဒီကအချောလေးက system ဗျ လူ၀င်မှုကြီးကြပ်ရေးဌာနကမဟုတ်ဘူး mission မပေးတော့ဘဲ တစ်ခါထဲ အသက်ပါနှုတ်ပစ်လိုက်ရမလား"

"....................."

မျက်နှာငယ်လေးနှင့်ဖြစ်သွားသော host ကြောင့်
system မှာ သနားစိတ်ပိစိလေး၀င်သွားသည်။

"ဘာပဲဖြစ်ဖြစ်လေ host ရာ system နဲ့ချိတ်မိပြီဆိုကတည်းက host ရဲ့ နောက်ဆုံးဆန္ဒကြောင့်ပဲလေ"

"?????"

"host ပဲ 'ငါ uke မဟုတ်ဘူးကွ'  လို့အော်ခဲ့တာ မဟုတ်ဘူးလား"

"..............."

ရှောင်းကျန့်တစ်ယောက်မှာတော့ system ၏စကားကြောင့်
လျှာကိုက်ပြီးသေချင်စိတ်တောင်ပေါက်သွားရသည်။

'ငါက uke မဟုတ်ဘူးလို့ ပြောတာက အထက်ပုဂ္ဂိုလ်ဖြစ်ချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ...  '

"host ဖာသာ ဘာကိုဆိုလိုတာဖြစ်ဖြစ် အခု system နဲ့ချိတ်ဆက်ပြီးသွားပါပြီ ဘာမှပြန်အထွန့်တက်လို့မရတော့ပါဘူး"

'ငါ့လခွမ်း ငါ့အတွေးတွေကိုပါသိနေတာလားဟ'

"host တွေးတာဆိုရင် ဆန်စေ့လောက်သေးသေးလေးကအစ အကုန်သိပါတယ် ကလိမ်ကျဖို့တော့မကြိုးစားပါနဲ့ host "

System : Trying to be  SemeDonde viven las historias. Descúbrelo ahora