[ 6 ]

878 111 0
                                    

( Zawgyi )

[ p r e m i è r e ~ ]



ထိုနေ့ညက အခြေအနေကြောင့် Donghyuck တစ်ညလုံး အိပ်မပျော်ခဲ့သလို ရင်တွေတုန်နေတာလည်း မရပ်တန့်ခဲ့ပေ။

ရုတ်တရက်ဆန်တဲ့ ခရက်ရှ်ဆီက ရလိုက်တဲ့ အနမ်းမမည်တဲ့အနမ်းကြောင့် သူ့မှာ တစ်ညလုံး လူးလိမ့်နေရတော့သည်။

အဲ့နေ့က မူးနေတဲ့ Mark ကို Sofa ပေါ် ပစ်တင်ခဲ့ပြီး အချိန်အတော်တန်ကြာ မေးနေမိခဲ့တဲ့ မေးခွန်းက " ဘာလို့ အဲ့လို လုပ်ခဲ့တာလဲ " ဆိုတဲ့ မေးခွန်းပဲ။

လူမှားတာမဖြစ်နိုင်ဘူး သေချာပေါက် သူ့နာမည်ကို ခေါ်လိုက်တယ်။
အဲ့တာဆို သူမှန်းသိရက်နဲ့ ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ။
ပြီးတော့ အခြေအနေကလည်း မနေ့ညက သူ့ကို သူ့ရည်းစားဟောင်း အကြောင်းပြောပြနေခဲ့တာပဲလေ။

အဲ့တာကို .. ဘာလို့လဲ ။

တစ်ညလုံး စဉ်းစားလည်း ထွက်မလာခဲ့တဲ့အဖြေကြောင့် သူရူးချင်နေပြီ။ အဲ့တာထက် ကာယကံရှင်က အခုထိနိုးမလာသေးလို့ ကိစ္စမရှိပေမယ့် နိုးလာရင် အဲ့ကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ။

" ငါဒီတိုင်း ထွက်သွားလိုက်ရမလား ဟုတ်တယ် မျက်နှာချင်းမဆိုင်နိုင်မယ့် အတူတူ ပြေးလိုက်တာကောင်းတယ် ! "

နောက်ဆုံးတော့ Donghyuck ဟာ သူ့အ၀တ်သူပြန်လဲပြီး အခန်းထဲက တိတ်တိတ်လေး ထွက်လာခဲ့တယ်။
မပြန်ခင် ညကသောက်ထားတာမို့ ခေါင်းကိုက်နေမှာစိုးတာနဲ့ ပျားရည်လုပ်ပေးခဲ့ပြီး ဆိုဖာပေါ်က လူပေါ်ကို စောင်လေးပါ ခြုံပေးခဲ့လိုက်သေးတယ်။

အဲ့နေ့ကစပြီး သူနဲ့ Mark မတွေ့ဖြစ်တာ တစ်ပတ်ပင်ပြည့်တော့မည်။
Mark ဘက်ကလည်း သူ့ကို မဆက်သွယ်ခဲ့သလို သူကလည်း မဆက်သွယ်မိသေး။

ဘာလိုလိုနဲ့ တဖြေးဖြေး ခံစားချက်က ၀မ်းနည်းလာရသည်။
ဘာမပြော ညာမပြောနဲ့ သူ့ကို နမ်းသွားပြီး အခုထိမဆက်သွယ်တာ နည်းနည်းတော့ လွန်တယ်မဟုတ်ပါလား။

" မုန်းဖို့ကောင်းလိုက်တာ ~ "

ဒီနေ့လည်း Cake ဆိုင်လေးရဲ့ ကောင်တာမှာ Donghyuck ကတော့ သက်ပြင်းအကြိမ်ကြိမ်ချရင်း ငြိမ်နေမိတော့သည်။









• p r e m i è r e • [ Complete ]Where stories live. Discover now