Chapter-6

7.1K 874 67
                                    

Unicode

ရိုး၏တစ်ဖက်ကမ်းရွာ-()

တစ်ဖက်ကမ်းရွာ​၏ဓလေ့ထုံးစံအရ မီးရောင်
တို့မှာ ဟိုတစ်ကွက်၊ဒီတစ်စ မီးလည်းအပြည့်
အဝမရှိကြပေ။ရိုးခိုင်ပြောသည့် လပြည့်ည
ဖြစ်သည့်အလျှောက် အရင်နေ့များဆီမှမကြား
ခဲ့ရသောခွေးအူသံတို့မှာ ဒီကနေ့ညမှဆူညံလှ​၏။
ရေဒီယိုမှထုတ်လွှင့်နေဆဲ ခေတ်ဟောင်းသီချင်း
သံမှာ အိမ်ထဲ၌တီးတိုးပျံ့လွင့်နေသည်။
ခွေးအူသံ၊ရေဒီယိုမှ ခေတ်ဟောင်းသီချင်းသံ၊
ခြံပြင်သို့မျှော်ကြည့်တော့ ထူထဲလှသည့်အပင်
တို့​၏အလွန် ခြံအပြင်လမ်းဟာ မီးအရောင်
သဲ့သဲ့။ဤသို့သော အရာများကြောင့် ညွှန်းရာ
ကြက်သီးတဖိန်းဖိန်းထလာသည်။

"ညွှန်းရာ ပြတင်းပေါက်ကိုပိတ်လိုက်တော့၊
အပြင်ကို မျှော်ကြည့်မနေနဲ့"

သတိပေးစကားသံလိုလို၊စိုးရိမ်သံလိုလိုနှင့်
ရိုးခိုင်အသံကြောင့် ညွှန်းရာစိတ်ထဲမတင်
မကျတော့ဖြစ်မိသည်။ဘုရားဝတ်ပြုလို့
အပြီး ရိုးခိုင်ကဆက်၍ပုတီးစိပ်နေပြန်သည်။
ကြိမ်ကုလားထိုင်ပေါ်ခြေတင်ထိုင်ရင်း
ညွှန်းရာကိုကြည့်ကာပြုံးပြလာတော့
တွန့်ကြုတ်ဆဲ ညွှန်းရာမျက်ခုံးတန်းဟာ
ပြေလျော့လာသည်။

"ကိုယ်ရောက်မလာခင်တုန်းက ရိုးခိုင်ဘယ်လို
များ တစ်ယောက်ထဲနေခဲ့လဲ"

ပြတင်းပေါက်ပိတ်နေဆဲညွှန်းရာက အပြင်
ဘက်သို့တစ်ချက်ဝေ့ဝဲကြည့်ကာမေးလာတာ
ဖြစ်သည်။ညွှန်းရာမေးလည်းမေးချင်စရာပင်။
ရိုးခိုင်အိမ်​၏ ဘေးပတ်ပတ်လည်တွင်
လူနေအိမ်တို့မရှိချေ။ခပ်လှမ်းလှမ်းတွင်
လူနေအိမ်တို့ရှိပြန်သော်ငြား အလှမ်းဝေးကွာ
လွန်းလှ​၏။

"ဒီလိုပဲ..ဒီလိုပဲနေရတာပေါ့ ညွှန်းရာရယ်"

"ကိုယ့်အပြစ်..ကိုယ့်အပြစ်တွေပါ ရိုးခိုင်။
မင်းကိုမောင်းထုတ်မိလိုက်လို့.."

ပုတီးစိပ်ခြင်းအမှုပြီးစီးတော့ ရိုးခိုင်ဘုရားစင်
ရှေ့သို့သွားကာ ဝတ်ပြုလိုက်သည်။ထို့နောက်
ဘုရားစင်ပေါ် စိပ်ပုတီးကိုတင်ကာ ညွှန်းရာ
ဘက်သို့ပြုံးလျက်ကြည့်လာသည်။ရိုးခိုင်
အတိတ်မေ့တာလည်း သူ့ကြောင့်၊ငါးနှစ်လုံး
လုံးတစ်ယောက်ထဲအထီးကျန်ရတာလည်း
သူ့ကြောင့်ဆိုတဲ့ညွှန်းရာကို ရိုးခိုင်စိတ်ဆိုးချင်
သော်ငြား မဆိုးရက်နိုင်ပေ။

ရိုး​၏တစ်ဖက်ကမ်းရွာ//ရိုး၏တစျဖကျကမျးရှာ//(Completed)Where stories live. Discover now