Chapter-8

7K 780 77
                                    

Unicode

ရိုး၏တစ်ဖက်ကမ်းရွာ-()

မျက်လွှာတွေကို မှိတ်ကြည့်။
တစ်ဆင့်ပြီးတစ်ဆင့် မင်းနဘေးကိုတိုးကပ်
ရင်းတီးတိုးလေးမေးမယ်။စမ်းရေစီးသံတွေ
ကိုကြားသလား။ငှက်ငယ်တွေရဲ့တေးသီကျူး
သံတွေကိုများကြားသလား။
ဒါတွေဟာ သာယာနာပျော်ဖွယ်ရာ သဘာဝ
တရားကပေးတဲ့လက်ဆောင်မွန်ပါ။မိမိရရ
မင်းဖမ်းဆုပ်ကြည့်စမ်းပါလေ ညွှန်းရာ။

"သေချာအာရုံစိုက်..ရေစီးသံတွေ၊
ငှက်သံတွေနဲ့လေတိုးဝှေ့သံတွေကိုကြားလား။
မျက်လုံးတွေကိုမှိတ်ချထားရင် စိတ်အာရုံက
ဒီရသတွေအပေါ်မှာပဲစူးစိုက်ပြီးအခြေချထား
ကြည့်လိုက်"

အိမ်ခေါင်းရင်းဘက်​၏စမ်းချောင်းဘေးရှိ
မြက်ခင်းပြင်ပေါ်၌ထိုင်ကြရာ ညွှန်းရာက
ရိုးခိုင်ပြောသမျှတို့အား တစ်သဝေမတိမ်း
လိုက်လုပ်ပေးရှာသည်။ရိုးခိုင်က ပွန်းပဲ့ဒဏ်ရာ
​၏အနာအရှိန်နှင့်ဆိုင်ကယ်တိမ်းမှောက်မှုတို့
ကြောင့်လန့်ကာ ယခုပေါင်း၍ဖျားနေတာလည်း
ဖြစ်သည်။ရိုးခိုင်ပြောသလို ညွန်းရာကမျက်လွှာ
တို့အား မှိတ်ချထားသည်။

"စိတ်တွေပေါ့ပါးပြီး လန်းဆန်းသွားတာပဲ။
ရိုးခိုင်လည်း ကျွန်တော့်လိုလိုက်လုပ်ကြည့်
နေလား"

"အင်း မင်းနဲ့အတူတူ"

သာယာနာပျော်မှုတို့ကို တစ်က္ကန့်လေးမျှ
လွတ်လပ်မသွားစေချင်ပါ။မျက်ဝန်းတို့မှိတ်
ဆင်းထားရင်း ဘေးဘက်သို့လက်လှမ်းလျက်
ညွှန်းရာ​၏လက်ချောင်းတို့ကြား တိုးကာဆုပ်
ကိုင်ထားမိသည်ကပြေလျော့သော်ငြား လှိုက်
လှိုက်လှဲလှဲမြတ်နိုးစွာပင်ဖြစ်သည်။

"ရိုးခိုင် ကျွန်တော်ကခင်ဗျားနေမကောင်း
ဖြစ်တိုင်း ကိုယ်စားပဲဖြစ်ပေးလိုက်ချင်တယ်။
နောက်ဆို အများကြီးပိုပြီးဂရုစိုက်ပေးပါ့မယ်"

လောင်းကစားဆိုလည်း ရှောင်ကြဉ်ပါ့မယ်။
မကောင်းမှုဆိုလည်း လက်မတို့မိအောင် စိတ်
ထိန်းပါ့မယ်။ရိုးခိုင် ခင်ဗျားသာလိုအပ်ရင်
နှလုံးသွေးလည်း ဖောက်ထုတ်ပေးရဲပါတယ်။

ရိုး​၏တစ်ဖက်ကမ်းရွာ//ရိုး၏တစျဖကျကမျးရှာ//(Completed)Where stories live. Discover now